လစ်လပ်နေသည့် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေရာတွင် KIAက စစ်ဦးစီးချုပ် အသစ်ခန့်အပ်
- Pajau Media

- May 29, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊မေလ၊၂၀၂၄ခုနှစ်။

အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သော KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ လစ်လပ်နေသည့် နေရာတွင် ကချင်လွတ်လပ်ရေးတပ် (KIA)က စစ်ဦးစီးချုပ်အသစ်ကို မေလ ၁၈ရက်နေ့တွင် ရွေးချယ်ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
လစ်လပ်နေသည့် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ နေရာတွင် ယခင်က KIA ဒုစစ်ဦးစီးချုပ် (၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ် ဝမ်းခန့်အောင်ဆိုင်းလာကို ရာထူးတိုးကာ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး ဒုစစ်ဦးစီးချုပ်နေရာကိုတော့ ယခင် ဒုစစ်ဦးစီးချုပ် (၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်မရန်ဇော်တောင်တို့ကို ခန့်အပ်လိုက်ကြောင်း သိရသည်။
KIA ၏ စစ်ဦးစီးချုပ် အသစ်ဖြစ်လာသူ ဗိုလ်ချုပ်ဝမ်းခန့်အောင်ဆိုင်းလာသည် ဝါရင့် စစ်ရေးအတွေ့အကြုံရှိသူ၊ စစ်ရေးပရိရယ် ကျွမ်းကျင်သူ တစ်ဦးဖြစ်ကြောင်းနှင့် KIA တပ်ရင်း၊ တပ်မဟာများတွင် တပ်ရင်းမှူး၊ တပ်မဟာမှူးတို့အဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်လာခဲ့သူ ဖြစ်ကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ် (KIA) ၏ စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် အသဲကင်ဆာရောဂါဖြင့် နာမကျန်းဖြစ်ကာ ပြီးခဲ့သည့် မေလ ၁၃ရက်နေ့တွင် KIA ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့တွင် ကွယ်လွန်ခဲ့သည်။




Comments