top of page

လန်ဆယ်ဒေသခံများက ဒေသကာကွယ်ရေး ခြံစည်းရိုးကာ တားမြစ်ချက်များ ပြုလုပ်

  • Writer: Pajau Media
    Pajau Media
  • Aug 11, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ ဩဂုတ်၊ ၂၀၂၅။



ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသမှ ဒေသခံများမှာ မိမိဒေသကို တရားမ၀င် ၀င်ရောက်လာသည့် လုပ်ငန်းရှင်များမှကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် ခြံစည်းရိုးကာတားမြစ်ချက်များ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။


ပြီးခဲ့သည့် ဩဂုတ်လဆန်း၂ရက်နေ့က လန်ဆယ်ဒေသခံများ အင်အားဖြင့် မိမိဒေသကို ခြံစည်းရိုးကာတားမြစ်ချက်များ စည်းစည်းလုံးလုံး လုပ်ဆောင်ခဲ့သည်။


ဒေသခံများမှာ လုပ်ငန်းရှင်ဖြစ်စေ၊ ကုမ္ပဏီဖြစ်စေ မည်သူမဆိုဝင်ခွင့်မပြုပဲ ကာကွယ်ထိန်းသိမ်းလာခဲ့သောနေရာကို လုပ်ငန်းရှင်အချို့မှ သတ္ထုရှာခြင်း၊ လမ်းဖောက်ခြင်းများ ပြုလုပ်လာပါသဖြင့် ကျေးရွာပြည်သူလူထုများမှ အခါခါတားမြစ်ခဲ့ကြောင်း၊ ထိုနေရာကို ဆက်လက်ပြီး မည်သည့်လုပ်ငန်းရှင်မဆို ဝင်ခွင့်မပြုကြောင်း၊ လန်ဆယ်‌ကျေးရွာ ပြည်သူလူထုများသဘောတူညီခြင်းဖြင့် ဆက်လက်ဝင်မလာအောင် ခြံကာပြီးပြန်လည်တားမြစ်ခဲ့ကြောင်း ဖေ့ဘုတ်စ်စာမျက်နာတွေ ဖော်ပြခဲ့ကြသည်။


လန်ဆယ်ကျေးရွာသည် ၂၀၁၆ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီးနောက် ပြန်လည်ထူထောင်ထားသည့် ဒေသဖြစ်သည့်အပြင် ခေတ်အဆက်ဆက် မပြောင်းမလဲ ကာကွယ်ထိန်းသိမ်းလာသည့် ဒေသလည်းဖြစ်သည်ဟု ဆိုသည်။


ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် လန်ဆယ်ကျေးရွာ ပြည်သူလူထုများ၏ စိုးရိမ်ပူပန်မှုများကို ထောက်ထားပြီး ထိုနေရာအတွင်းသို့ လုပ်ကွက်လျှောက်ခြင်း၊ လုပ်ကွက်ချခြင်းများ မပြုလုပ်ပေးပါရန် ထပ်မံတောင်းဆိုထားကြသည်။


လန်ဆယ်မြို့တစ်မြို့လုံးမှာ ၂၀၂၄ခုနှစ် နို၀င်ဘာလ ၁၀ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှ အပြီးသတ်သိမ်းပိုက်ထားသည့် ဒေသလည်း ဖြစ်သည်။


သတင်း- ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page