top of page

လမ်းခရီးခက်ခဲသောကြောင့် ခေါင်လန်ဖူးကျောင်းသားများ ကျောင်းမတက်နိုင်သေး

  • Writer: Pajau Media
    Pajau Media
  • Jul 19, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ဇူလှိုင်၊၂၀၂၄။



ပူတာအို ခေါင်လန်ဖူးလမ်းပိုင်းကို ယနေ့အချိန်ထိ ပြင်ဆင်နိုင်ခြင်း မရှိသေးသောကြောင့် လမ်းသွားလမ်းလာခက်ခဲပြီး ကြန့်ကြာနေဆဲဖြစ်ကြောင်း သိရသည်။


ယခုနှစ် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းပြိုကာ တံတားပျက်စီးခဲ့ရခြင်းတို့ကြောင့် ဖြစ်သည်။


လမ်းပိုင်းပျက်စီးခြင်းတို့ကြောင့် သွားလာရေးခက်ခဲပြီး ပူတာအိုမြို့သို့ ကျောင်းသွားတက်မည့် ကျောင်းသားများမှာလည်း ယခုထက်ထိ ပူတာအိုကျောင်းသို့ မရောက်ရှိနိုင်ဘဲ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။


ခေါင်လန်ဖူးမှ ကျောင်းသားအများစုမှာ အလယ်တန်းကျောင်းမှစပြီး ပူတာအိုအထက်တန်းကျောင်းသို့ တက်ရောက်သင်ကြားကြပေမယ့် ယခုနှစ်မှာတော့ လမ်းပိုင်းဆက်သွယ်ရေး ခက်ခဲသောကြောင့် မသွားနိုင်သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။


"ခေါင်လန်ဖူးလမ်းပိုင်းက အခုထိ သွားလာလို့မရသေးဘူး။ ကမ်းပါးပြိုကျသွားတယ်ဆိုတော့ အရမ်းဆိုးသွားတာ။ ခြေကျင်သွားမယ်ဆိုရင် ၈ရက်လောက် ကြာသွားမယ်။ ဆိုတော့ ကျောင်းသားတွေ ကျောင်းမသွားနိုင်သေးဘူး။" ဟု ခေါင်လန်ဖူးဒေသမှ ကျောင်းဆရာတစ်ဦးက ပြောသည်။


ခေါင်လန်ဖူးဒေသတွင် အထက်တန်းကျောင်းအဆင့်ထိ ဖွင့်လှစ်သင်‌ကြးနေပေမယ့် ယခုနှစ်မှာတော့ လမ်းခရီးခက်ခဲသည့်အပြင် စာသင်ကြားပေးမည့် ကျောင်းဆရာ/ မ များလည်း မရောက်ရှိခြင်းကြောင့် ကျောင်းကိုပင် ကောင်းကောင်းမဖွင့်နိုင်ကြောင်း သိရသည်။


ခေါင်လန်ဖူးဒေသသည် ပူတာအို‌မြို့နယ်ဒေသတွင် ဒုတိယလူဦးရေအများဆုံး ဒေသဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေး အခက်ခဲဆုံး‌ဒေသလည်း ဖြစ်သည်။


သတင်း မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page