top of page

လမုန်ဇွပ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Jan 2, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂ရက်၊ဇန်နဝါရီ၊၂၀၂၅။



မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာအုပ်စုရှိ လမုန်ဇွပ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး၊ ပိုက်ဆံကောက်ခံမှုများလည်း လုပ်ဆောင်နေကြောင်းဒေသခံများ ပြောပြချက်အရသိရသည်။


လက်ရှိကျေးရွာအတွင်း ခိုအောင်းနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့များမှာ လမ်းဆုံနေရာများတွင် စစ်ဆေးရေးဂိတ် အထိုင်ချပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမေးမြန်းခြင်းနှင့် ကားသမားများထံမှ ပိုက်ဆံကောက်ခံခြင်းများလုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။


“မနှစ်က ဒီဇင်ဘာလလယ်လောက်က ဖြစ်မယ်။ ဆိုင်ကယ်မှာ ချိန်းဇောစက်တင်ပြီး မြစ်ကြီးနားမြို့ဘက်ကနေ မောင်းလာတဲ့ တစ်ယောက်ကို ပိုက်ဆံငါးသိန်းတောင်းတယ်။ မပေးရင် မဖြတ်ခိုင်းဘူးတဲ့။ အဲ့ဒီလူလည်း ပိုက်ဆံမပေးပဲ ပြန်ခေါက်လာတယ်။” ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။


စစ်ကောင်စီတပ်ဖွဲ့များမှာ ပြီးခဲ့သည့် အောက်တိုဘာလပိုင်းမှစပြီး အင်အား(၁၀)ဦးဝန်းကျင်ဖြင့် ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး၊ ဒေသခံများ သွားလာရေးအတွက် အလွန်စိုးရိမ်ကာ သတိဖြင့်သာ သွားလာနေကြရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page