top of page

လဝါးကျေးရွာမှ သက်ကြီးအရွယ် အဘွားအိုကို မင်းဇေသန့်အဖွဲ့မှ မုဒိမ်းမှုကျူးလွန်

  • Writer: Pajau Media
    Pajau Media
  • Jul 30, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၀ရက်၊ ဇူလိုင်၊ ၂၀၂၅။



မြစ်ကြီးနား-ဖားကန့် လမ်းပေါ်ရှိ လဝါးကျေးရွာမှ အသက်အရွယ်ရသည့် အဘွားအိုကို မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့မှ မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း သိရသည်။


ဇူလိုင်၂၈ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် လဝါး-လဂေါင်ကျေးရွာမှ အဘွားအိုတစ်ဦးကို လဝါး-လမ်းခွနေရာတွင် နေရာယူတပ်စွဲထားသည့် မင်းဇေသန့်ပြည်သူ့စစ် တပ်ဖွဲ့မှ မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။


မုဒိမ်းမှုကျူးလွန်ခံရသည့် အဘွားအိုမှာ အသက်(၆၀)နှစ်အရွယ်ရှိသူ ဒေါ်ဖောင်ရမ်ခေါန်နန်ဖြစ်ပြီး၊ နေအိမ်အတွင်း နေထိုင်စဉ် မင်းဇေသန့်တပ်ဖွဲ့မှ ဝင်ရောက်လာပြီး မုဒိမ်းကျင့်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။


လဝါးကျေးရွာတွင် ပြီးခဲ့သည့် မတ်လကတည်းကစပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းဝင်ရောက်လာကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေရာ ထိတွေ့တိုက်ပွဲလည်း မကြာခဏ ဖြစ်ပွားနေသည့်အပြင် ဒေသခံပြည်သူများလည်း နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page