top of page

ဝိုင်းမော် ခ.လ.ရ (၅၈)တပ်ရင်း နှင့် ဝူယန်ပြည်သူ့စစ်စခန်းဂိတ်များတွင် ယနေ့အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားဆဲ

  • Writer: Pajau Media
    Pajau Media
  • Nov 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၇ရက်၊နိုဝင်ဘာ၊၂၀၂၄။





ဝိုင်းမော်မြို့နယ်အတွင်း တစ်ခုတည်းကျန်ရှိနေသည့် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၅၈) တပ်ရင်းအရှေ့နှင့် ဝူယန်ပြည်သူ့စစ်ဂိတ်များတွင် ရုတ်တရက် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်မှာ ယနေ့ဆိုလျှင် ၃ရက်မြောက်နေ့ ရှိလာပြီဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။


အဆိုပါဂိတ်များကို ပြီးခဲ့သည့် နိုဝင်ဘာ၂၅ရက်နေ့ကတည်းကစပြီး ယာယီပိတ်ပင်ထားခဲ့ရာ ယမန်နေ့ ၂၆ရက်နေ့မှာတော့ အပြီးတိုင်ပိတ်ချလိုက်သည်မှာ ယနေ့အထိ ဖြစ်သည်ဟု ဆိုသည်။


ထို့အပြင် ခ.လ.ရ (၅၈)တပ်ရင်းနှင့် ဝူယန်ပြည်သူ့စစ်ဂိတ်များမှာ ဝိုင်းမော်-ကံပိုင်တည်သွား လမ်းမပေါ်ရှိ နေရာများဖြစ်ပြီး၊ ကုန်တင်ကား၊ ဆိုင်ကယ်နှင့် ခရီးသွားပြည်သူများ၏ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။ သို့သော် ဝိုင်းမော်ဘက်မှ ကန်ပိုင်တည်ဘက်သို့သွားသည့် တရုတ်ငှက်ပျောသစ်သျှူး တင်ကားများကိုသာ ဖြတ်သန်းခွင့် ပေးနေသည်ဟု ဒေသခံအချို့က ပြောသည်။


စစ်ကောင်စီတပ်က ယခင်အချိန်တွင် ဝိုင်းမော်-ဝါရှောင်လမ်းကို စစ်ရေးအခြေအနေအပေါ် မူတည်ကာ ယာယီပိတ်ပင်ထားမှုများ မကြာခဏ ရှိခဲ့ပြီး၊ ပြီးခဲ့သည့် နိုဝင်ဘာ၂၁ရက်နေ့တွင်လည်း ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားကို ယာယီခေတ္တ ပိတ်ပင်ထားမှု ရှိခဲ့သည်။


ထို့အပြင် ဝိုင်းမော်မြို့နယ်အတွင်းမှ KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ဝါရှောင်ကျေးရွာရှိ ဆည်မြောင်းဦးစီးဌာနရုံးကို ယမန့်နေ့က စစ်ကောင်စီမှ ဒရုန်းဗုံးဖြင့် လာရောက်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page