ဝိုင်းမော်-ခလရ(၅၈)တပ်ရင်း ကာကင်းစခန်း(၂)ခု KIAသိမ်းပိုက်
- Pajau Media

- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၁၁ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဝိုင်းမော်အခြေစိုက် ခလရ (၅၈)တပ်ရင်း ကာကင်းတပ်စခန်း (၂) ခုကို KIA က ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
၀ိုင်းမော်မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းက တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့ရာ KIA ပူးပေါင်းတပ်များသည် စစ်ကောင်စီ တပ်စွဲထားသည့် နေရာတစ်ချို့နှင့် ခလရ (၅၈)တပ်ရင်း ကာကင်းတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိ ဝိုင်းမော်တိုက်ပွဲတွင် KIA ပူးပေါင်းတပ်မှ ထိုးစစ်ဆင်မှုများရှိသည့်အပြင် စစ်ကောင်စီဘက်ကလည်း စစ်အင်အားများဖြည့်တင်းကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေရာမှလည်း လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။
KIAပူးပေါင်းတပ်များသည် ဝိုင်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ဖော်ဆောင်ခဲ့ပြီး ၀ိုင်းမော်မြို့နယ်ရှိ ခလရ(၃၂၁) တပ်ရင်းဌာနချုပ် အပါအဝင် တပ်စခန်းများ၊ ဒရုန်း၊ တင့်ကားနှင့် စစ်လက်နက်များစွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်၊၊
သတင်း-ဖရိန်း




Comments