top of page

ဝိုင်းမော်မြို့တစ်ဝိုက်ရှိပြည်သူများ လယ်ယာစိုက်ပျိူးခြင်းမပြုလုပ်နိုင်သေးသဖြင့် စားဝတ်နေရေးပိုမိုခက်ခဲလာ

  • Writer: Pajau Media
    Pajau Media
  • Apr 25
  • 1 min read

ပါဂျာင်မီဒီယာ။

၂၄ရက်၊ဧပြီ၊၂၀၂၅။



ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီးတစ်ဝိုက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်ခန့်မှစ၍ လယ်ယာစိုက်ပျိုးစားသောက်ရန်စစ်ကောင်စီမှ တားမြစ်ခဲ့ပြီး လက်ရှိအချိန်ထိပြန်လည်စိုက်ပျိုးလုပ်ကိုင်စားသောက်ရန် ခွင့်ပြုထားခြင်းမရှိသေးသောကြောင့် စားဝတ်နေရေးခက်ခဲလာကြောင်း ဝိုင်း‌မော်‌ဒေသခံများထံမှသိရသည်။


“အရင်ကလယ်ယာစိုက်ပျိုးချိန်ဆို ဆန်အတွက်ဆိုရင်စိတ်ပူစရာမလိုဘူး ပိုက်ဆံနဲ့ဝယ်စားရတာ ဆီနဲ့ဆားလောက်ဘဲရှိတယ် အခုဆိုရင် ဆီနဲ့ဆားအပြင် ဆန်နဲ့တစ်ခြားဟင်းသီးဟင်းရွက်ပါဝယ်စားနေရတယ် “လို့ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။


ယခင်က ဝိုင်းမော်ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးလုပ်ကိုင်စားသောက်ကြသဖြင့် ဆန်နှင့်အသီးအနှံများအတွက်ငွေကြေးကုန်ကျစရာမလိုဘဲဆီ၊ဆားအတွက်သာ‌ကုန်ကျနေခဲ့သော်လည်း လက်ရှိ အချိန်တွင် ဆီ၊ဆားအပြင် ဆန်နှင့်အခြားဟင်းသီးဟင်းရွက်များကိုပါ ဝယ်ယူစားသုံးနေရသဖြင့် စားဝတ်နေရေးပိုမိုခက်ခဲလာကြောင်း ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦး၏ပြောပြချက်အရသိရသည်၊၊


ထို့အပြင်‌ဝိုင်းမော်မြို့နယ်တစ်ဝိုက်ရှိဒေသခံပြည်သူများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကာ စားသောက်ကြသူများဖြစ်သော်လည်း လက်ရှိအချိန်ထိစစ်ကောင်စီကပြန်လည်လုပ်ကိုင်ရန်ခွင့်ပြုထားခြင်းမရှိသေးသောကြောင့်ရှေ့ဆက်မည်ကဲ့သို့ လုပ်ကိုင်စားသောက်နေထိုင်ရမည်ကို စိတ်ပူနေကြကြောင်းနှင့်လက်ရှိကုန်စျေးနှုန်းအခြေအနေကြောင့် ယခင်ကထက်ပိုမိုခက်ခဲနေကြကြောင်းကို အထက်ပါအမျိုးသားက...


“ ကျွန်တော်တို့က စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်စားသောက်ကြတာ ဒါပေမဲ့အခုချိန်ထိပြန်လုပ်ကိုင်ခိုင်းတာမရှိသေးတော့ရှေ့ဆက်ဘာလုပ်ကိုင်စားသောက်နေရမလဲမသိတော့ဘူး၊ ကုန်စျေးနှုန်းတွေကလည်းအကျမရှိ အတက်ဘဲရှိနေတော့ အရင်ကထက်ပိုခက်ခဲတယ်"ဟုဆက်ပြောသည်။


လက်ရှိတွင် ဝိုင်းမော်မြို့နှင့်အနီးတစ်ဝိုက်နေရာများတွင် စစ်ကောင်စီ၏လေကြောင်း ၊လက်နက်ကြီးနှင့် ဒရုန်းများဖြင့်မကြာခဏဆိုသလိုလာရောက်ပစ်ခတ်တိုက်ခိုက်မှုရှိနေသောကြောင့် ဒေသခံပြည်သူများမှာ နီးစပ်ရာ နေရာများသို့ဆက်လက်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page