top of page

ဝိုင်းမော်မြို့နယ်၊စန်းကားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်KIAပူပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Mar 27, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၇ရက်၊မတ်လ၊၂၀၂၅။



KIAအမှတ်(၅)တပ်မဟာ၊ အမှတ်(၃)တပ်ရင်းဒေသ၊ စန်းကားကျေးရွာ ဝန်းကျင်တွင် ယမန်နေ့က ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယမန်နေ့ မတ်လ၂၆ရက် နံနက်၅နာရီ၃၀မိနစ်အချိန်ခန့်တွင် ဝိုင်းမော်ဒေသမှ KIAပူးပေါင်းတပ်ဖွဲ့များ တပ်စွဲနေရာယူနေသည့် စန်းကားကျေးရွာအနီးသို့ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


ထို့အပြင် ဝိုင်းမော်-လမြန်ကျေးရွာဝန်းကျင်တွင်လည်း စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းထိုးကာ စစ်အင်အားတိုး စစ်ရေးလှုပ်ရှားနေသောကြောင့် KIAတပ်ဖွဲ့နှင့် မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိသည်။


တစ်ဖက်မှာလည်း လဝါးကျေးရွာအတွင်း နေရာယူတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မင်းဇေသန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှ KIAနှင့် တိုက်ပွဲဖြစ်ပွားနေကာ နှစ်ဖက်စစ်ရေး လက်ရှိအချိန်အထိ အပြန်အလှန် တင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page