top of page

ဝိုင်းမော်မြို့နယ်သို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

  • Writer: Pajau Media
    Pajau Media
  • Jul 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ဇူလိုင်လ၊၂၀၂၄။



ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။


ဇူလှိုင်လ ၁၀ရက်နေ့ ည၉နာရီဝန်းကျင်အချိန် မြစ်ကြီးနားမြို့တွင် အခြေစိုက်အမြောက်တပ်နှင့် ဝိုင်းမော်မြို့အခြေစိုက်သည့် ခ.လ.ရ (၅၈) စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ၃၀ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ဒေသခံများပြောပြချက်အရ မြစ်ကြီးနားရှိ အမြောက်တပ်မှ လမြန်ကျေးရွာနှင့် နမ့်ဝါကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး၊ ဝိုင်းမော် (၅၈)တပ်က ခါးရှီကျေးရွာ၊ အောင်မြေ(၁)၊ အောင်မြေ(၂)နှင့် ရွှေညောင်ပင်ကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသည်။


လက်ရှိ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ရေဘေးဒုက္ခများ ကြုံတွေ့နေကြရပြီး၊ ဒေသခံများနှင့် စစ်ဘေးရှောင်အများစုမှာ နေအိမ်များပျက်စီးကာ နေစရာအထိုင်အခင်း ခက်ခဲနေချိန်ဖြစ်ပေမယ့် စစ်ကောင်စီမှလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။


ပြီးခဲ့သည့် မေလနှင့် ဇွန်လတို့တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ဝိုင်းမော်ဒေသတွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ၂၀ဦးထက်မနည်း အသက်သေဆုံးခဲ့ရပြီး, အယောက်၃၀ထက်မနည်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page