top of page

ဝိုင်းမော်မြို့နယ်အတွင်းရှိ ထိတွေ့တိုက်ပွဲများကြောင့် ကုန်ကားများပိတ်မိလျှက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Jun 5, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက် ၊ ဇွန်လ ၊ ၂၀၂၄ ခုနှစ်။





ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ပြီးခဲ့သည့် မတ်လမှစ၍ တိုက်ပွဲများ တစ်ဖန်ပြန်လည်ပြင်းထန်လာသောကြောင့် ကန်ပိုင်တီနယ်စပ်ဂိတ်သို့ ကုန်စည်သယ်ယူပို့ဆောင်မှုများနှောင့်နှေးလျှက်ရှိသည်။


"လွယ်ဂျယ်လမ်းပိတ်သွားကထဲက ဒီကန်ပိုင်တီလမ်းကိုပဲအဓိကအားကိုးပြီးသွားနေကြတာ...အခုဒီဘက် (ဝိုင်းမော်) မှာပါ တိုက်ပွဲတွေပြန်ဖြစ်လာတော့ လမ်းမှာလုံခြုံရေးလဲ စိတ်မချရဘူး... ပြီးတော့ ဂိတ်တွေကလဲအများကြီးတိုးလာတယ်....ဝိုင်းမော်နဲ့ကန်ပိုင်တီကြားမှာကို ၁၅ ဂိတ်လောက်ရှိတယ်.... တစ်ချို့သွားရဲတဲ့သူတွေတော့သွားနေကြတာရှိတယ်" ဟု စက်မှုရပ်ကွက်မှပြည်သူတစ်ဦးကပြောသည်။


လွယ်ဂျယ်နယ်စပ်ဂိတ် ကုန်သွယ်မှုရပ်နားသွားပြီး ယခုကဲ့သို့ ကန်ပိုင်တီလမ်းပါ သွားလာမှုအဆင်မပြေသောကြောင့် တစ်ရှူးငှက်ပျောနှင့်အခြား လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်အများအပြား ဆုံးရှုံးမှုများစွာ ကြုံတွေ့နေရကြောင်းသိရသည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ၂၀၂၃ ဧပြီလ မှ ၂၀၂၄ မတ်လ အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်၏ ကုန်သွယ်စီးဆင်းမှုတန်ဖိုးမှာ ကန်ဒေါ်လာ ၂၀၈ သန်း ရှိခဲ့ကြောင်းသိရသည်။


လက်ရှိတွင် အဆိုပါပိတ်မိနေသည့်ကုန်ကားများမှာ မြစ်ကြီးနားမြို့ရှိ စက်မှုရပ်ကွက်နှင့် စီတာပူ နောင်ရာပါလယ်ကွင်းတို့တွင် ရပ်နားထားလျှက်ရှိသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page