top of page

ဝိုင်းမော်မြို့အတွင်း စက်သုံးဆီဈေးများမြင့်တက်နေချိန် ထုတ်ကုန်ဟင်းသီးဟင်းရွက်များ ဈေးမရဖြစ်နေပြီး ဝယ်ယူရောင်းချမှုနှုန်း ကျဆင်းနေသောကြောင့် အရှုံးပေါ်နေသည်ဟု ကုန်စိမ်းဈေးသည်များက ပြော

Writer: Pajau Media
Pajau Media
Dec 15, 2023
1 min read

ပါဂျောင်မီဒီယာ


ဝိုင်းမော်မြို့အတွင်း စက်သုံးဆီဈေးများမြင့်တက်နေချိန် ထုတ်ကုန်ဟင်းသီးဟင်းရွက်များ ဈေးမရဖြစ်နေပြီး ဝယ်ယူရောင်းချမှုနှုန်း ကျဆင်းနေသောကြောင့် အရှုံးပေါ်နေသည်ဟု ကုန်စိမ်းဈေးသည်များက ပြောသည်။





ယခုလို ကုန်စိမ်းဝယ်ယူရောင်းချမှုနှုန်း နည်းပါးလာခြင်းမှာ နိုင်ငံရေးအကျပ်အတည်းနှင့် မြို့ပြင်အသွား အလာ အချိန်အကန့်အသတ်များ များပြားလာခြင်းအပြင် ရွှေတူးဖော်မှုနှင့် ငှက်ပျောခြံများ ပိတ်သိမ်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ဈေးသည်တစ်ဦးက ပြောသည်။


ဝိုင်းမော်မြို့ ဒေသထွက် ဟင်းသီးဟင်းရွက်များဖြစ်သော မုန်ညှင်းဖြူ၊ မုန်ညှင်းစိမ်း၊ မုန်ညှင်းဖူးများ တစ်ပင်၊တစ်စည်းလျှင် ၁၀၀၀ကျပ်အထိ ဈေးရခဲ့သော်လည်း ယခုအခါ ၃၀၀ကျပ်အထိသာ ရတော့သည်ဟု ပြောသည်။




Comments


Pajau Media

Thanks for subscribing!

bottom of page