top of page

ဝိုင်းမော်-လမြန် တိုက်ပွဲ ပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 20
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ဇန္နဝါရီ၊၂၀၂၆။


ကချင်ပြည်နယ် ဝိုင်းမော်-လမြန်ကျေးရွှာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီပူးပေါင်းတပ်များ တစ်ကျော့ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ယနေ့မနက်ပိုင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်မှုရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။


“စစ်ကောင်စီနဲ့ ပြည်သူ့စစ်‌ ပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒီလမြန်အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေတာ နှစ်ရက် သုံးရက်လောက်ရှိပြီ”ဟု လမြန်‌ကျေးရွာဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောသည်။


စစ်ကောင်စီတပ်များသည် ကချင်လွတ်လပ်‌ရေးတပ်မတော်KIA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် လမြန်ကျေးရွာ အနောက်ဘက်ခြမ်းရှိ အင်မြန်းခ နေရာဘက်တွင် ယခုရက်ပိုင်းကတည်းက စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။


လမြန်တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအချိန်ထိ ထိတွေ့တိုက်ပွဲများ ငြိမ်သက်ခဲ့သော်လည်း စစ်ကောင်စီပူးပေါင်းတပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ယခုဇန္နဝါရီလထဲတွင် တိုက်ပွဲတစ်ဖန် ပြန်လည်ပြင်းထန်လာကြောင်း သိရသည်၊၊


တစ်ဖက်တွင်လည်း စစ်ကောင်စီပူးပေါင်းတပ်များက လက်ရှိ ဝိုင်းမော်-လမြန်ကျေးရွာ အနီးတစ်ဝိုက် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် ကချင်ပြည်နယ် ဖားကန့်၊ ဗန်းမော်နှင့် ပူတာအိုမြို့နယ်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page