ဝိုင်းမော်-ဝူယန်ဘက် စစ်ကောင်စီ လေကြောင်းဗုံး ပစ်ခတ်
- Pajau Media

- Jul 29, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊ဇူလိုင်၊၂၀၂၅။

စစ်ကောင်စီက ဝိုင်းမော်-ဝူယန်ဘက် ယမန်နေ့ ဇူလိုင်၂၈ရက် ညနေ ၅ နာရီအချိန်ခန့်တွင် လေယာဉ်ဗုံး လာရောက်ပစ်ခတ်သွားကြောင်းနှင့် လက်ရှိမှာ စစ်ရေးတင်းမာနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်များမှ သိရသည်။
“မနေ့က ညနေ ၅ နာရီလောက်မှာ လေယာဉ်ဗုံး လာကျဲသွားတာ၊ နေ့တိုင်းပဲ၊ မိုးရွာရင် လေယာဉ်က မလာဘူး။ ဒါပေမယ့် မြေပြင်စစ်ကြောင်းထိုးတယ်၊ မိုးမရွာတဲ့နေ့ဆို လေယာဉ်လာပြီ၊ ဒီဘက် တိုက်ပွဲ ပြင်းထန်လာနိုင်တယ်။” ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ဝိုင်းမော်-ကန်ပိုင်တည်ကို ပြန်လည်ရရှိရေးအတွက် မြေပြင်စစ်ကြောင်းအပြင် လေယာဉ်၊ ဒရုန်းဗုံးများဖြင့် ပြင်းပြင်းထန်ထန် နေ့စဉ်လာရောက်ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း ဆက်ပြောသည်။
လက်တလောမှာ ကချင်ပြည်နယ်သို့ ဆန်တက်လာသည့် စစ်သင်္ဘာအုပ်စုများကို KIA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပေမယ့် ဇူလိုင်၂၉ ရက်နေ့မှာတော့ ရွှေကူမှ ဗန်းမော်ဘက် ဆက်လက်ထွက်ခွာနေကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် သတိထားနေထိုင်ရန် KIAအဖွဲ့မှ နိုးဆော်သတိပေးပြောဆိုထားကြောင်းလည်း သိရသည်။
သတင်း - ပီလမ့်အူ




Comments