top of page

ဝါရာဇွပ်ဒေသခံအနည်းစု နေရပ်သို့ပြန်လည်လာရောက်နေထိုင်ကြသော်လည်း အများစုမှာ ဆက်လက်တိမ်းရှောင်နေ

  • Writer: Pajau Media
    Pajau Media
  • Jul 10
  • 1 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊ဇူလိုင်လ၊၂၀၂၅။


ree

တနိုင်း-လီဒိုလမ်း ဝါရာဇွပ်ကျေးရွာတစ်လျှောက် မင်းဇေသန့်ပြည်သူ့စစ်နှင့် KIAတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲကြောင့် တောတောင်နေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ဝါရာဇွပ်ဒေသခံအနည်းစုမှာ နေရပ်ရင်းကို ပြန်လာခဲ့ကြသော်လည်း အများစုမှာ ဆက်လက်တိမ်းရှောင်နေကြဆဲ ဖြစ်ကြောင်း သိရသည်။


“အခုတလောက တိုက်ပွဲဖြစ်တာ သိပ်မရှိတော့ဘူး။ တခါတလေ KIA ဘက်က လမ်းပေါ်ထွက်လာတဲ့အချိန်ပဲ နဲနဲစိုးရိမ်ရတယ်။ ပြည်သူ့စစ်တွေက နေ့တိုင်းကို သွားလာနေကြတယ်။ ဒေသခံတွေလည်း ရွာပြန်ချင်နေကြပြီ။ မိုးရာသီချိန်လည်းဖြစ်တော့ တောထဲမှာ အရမ်းခက်ခဲလို့ တစ်ချို့က ပြန်လာနေကြတယ်။” ဟု ဝါရာဇွပ်ဒေသခံတစ်ဦးက ပြောသည်။


လက်ရှိ ကျေးရွာအတွင်း ပြန်လာနေထိုင်ကြသူများမှာ အိမ်ခြေ(၃၀)နီးပါးသာရှိသေးပြီး၊ အိမ်ခြ(၂၀၀)နီးပါးမှာ တောတောင်ထဲ တိမ်းရှောင်နေကြဆဲ ဖြစ်သည်။


တောထဲ တိမ်းရှောင်နေသူများထဲတွင် ကျောင်းသား/သူများ ပါဝင်ပြီး၊ ကလေးငယ်များ ပညာရေးအတွက် ခက်ခက်ခဲခဲ သင်ယူနေကြသည်ဟု ဆိုသည်။



ဝါရာဇွပ်‌ကျေးရွာမှာပြီးခဲ့သည့် မတ်လကတည်းက KIA မှကျေးရွာအထွက်နေရာများတွင် နေရာယူထားစဉ် မင်းဇေသန့်ပြည်သူ့စစ်မှ လာရောက်ပစ်ခတ်သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်ပြီး၊ နေရပ်ရင်းသို့ ပြန်လာနေထိုင်သူများမှာ ဇူလိုင်လဆန်းကတည်းက ဖြစ်ကြောင်း သိရသည်။


ဝါရာဇွပ်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေချိန်မှာ မိုးဦးရာသီကာလဖြစ်သောကြောင့် ခက်ခက်ခဲခဲ တိမ်းရှောင်ခဲ့ရပြီး၊ ကူညီထောက်ပံ့မှုများလည်း လိုအပ်နေကြသည်။


သတင်း - ပီလမ့်အူ

Comments


Pajau Media

Thanks for subscribing!

bottom of page