top of page

သိက္ခာတော်ရ ဒေါက်တာ ဆရာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာ

  • Writer: Pajau Media
    Pajau Media
  • Jul 24, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက်၊ဇူလိုင်၊၂၀၂၄။



ကချင်ပြည်သူလူထုအတွက် အမြဲတမ်းကြိုးစားရပ်တည်လုပ်ကိုင် ဆောင်ရွယ်ပေးသည့် KBC နှစ်ခြင်းအသင်းချုပ်၏ အတွင်းရေးမှူးသက်တမ်း (၈)နှစ်၊ ဥက္ကဌ (၄)နှစ် နှင့် အကြံပေးပုဂ္ဂိုလ်အဖြစ် တာ၀န်လုပ်ကိုင်ဆောင်ရွက်နေစဥ် စစ်ကောင်စီမှ မတရားအသင်းနှင့်ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုကာ ဒီဇင်ဘာလ ၄ ရက် ၂၀၂၂ ခုနှစ် တွင် ဖမ်းဆီးထောင်ချခဲ့ပြီး၊ တစ်နှစ်နှင့် လေးလ အကြာ ဧပြီလ ၁၇ ရက် ၂၀၂၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။


သို့သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးရန် အကြောင်းပြပြီး စစ်ကောင်စီမှ ညတွင်းချင်း ပြန်လည်ဖမ်းဆီးခေါ်ဆောင်ကာ မြစ်ကြီးနားအကျဥ်းထောင်ရှိ ဧည့်ရိပ်သာတွင် ၃ လကျော်ကြာ ထိန်းသိမ်းခံရပြီးနောက် ဇူလိုင်လ ၂၃ ရက်နေ့ ၂၀၂၄ ခု နေ့လည် ၁၁ နာရီ၀န်းကျင်ခန့်တွင် တဖန်ပြန်လည်လွတ်မြောက်လာခဲ့သည်။ “သူတို့ပြန်လွှတ်ပေးတော့လည်း ဘာတစ်ခုမှ မပြောဘူး၊ ဒီအတိုင်းပဲ လွှတ်ပေးလိုက်တာပဲ၊ မလိုအပ်တော့လို့ နေမှာပေါ့” ဟု နီးစပ်သူများထံမှ သိရှိရသည်။


သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာမှုအပေါ် မိသားစု၀င်များနှင့် ကချင်ပြည်သူများမှ ၀မ်းသာ အားရပျော်ရွှင်ကြသကဲ့သို့ အမေရိကန်သံရုံး၊ WCC (World Councils Churches) နှင့် USCIRF (အမေရိကန် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်) တို့မှ နွေးထွေးစွာကြိုဆိုလျှက်ရှိကြောင်းကို ထုတ်ပြန်စာများနှင့်အတူ ဖော်ပြခဲ့ကြသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page