top of page

သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်ထိန်းချုပ်ခံရ

  • Writer: Pajau Media
    Pajau Media
  • Jul 29, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၉၊ ၇၊ ၂၀၂၄



ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၁ ခွဲအချိန်ခန့်တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ယခုလက်ရှိမှာ သူရဲ့နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်ခံထားရတယ်လို့ ဒေသခံလူထုကနေဆင့် ပါဂျောင်မီဒီယာကို ပြောကြားခဲ့သည်။


ဒေသခံပြောကြားချက်အရ “ လက်ရှိ သူနေအိမ် ပတ်ပတ်လည်မှာ စစ်သားတွေ ကင်းစောင့်ချထားတယ်။ သူရဲ့ ဧည့်သည်တွေ ဆွေမျိုးတွေ အပြင်လူတွေ လုံးဝတွေ့ခွင့်မပေးဘူး... သူအိမ်လာလည်ခွင့် ဝင်ခွင့် မပေးဘူး။ ဖုန်းနဲ့လည်း ဆက်သွယ်ခွင့် မပေးဘူး။ ဘာကြောင့် နေအိမ်အကျယ်ချုပ် ပြန်ချတာလဲဆိုတာ အကြောင်းအရင်း သေချာမသိသေးဘူးလို့” ပြောကြားခဲ့သည်။


KBC ဉက္ကဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာခလမ်းဆမ်ဆွန်ကို မြစ်ကြီးနားအကျဉ်းထောင်တွင် တစ်နှစ်နှင့် လေးလအကြာ ဖမ်းဆီးထောင်ချပြီးနောက် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က ပြန်လည်ပေးခဲ့သော်လည်း ငြိမ်းချမ်းရေအတွက်ဆွေးနွေးရန်ဟုဆိုကာ စစ်ကောင်စီက ညတွင်းချင်းပြန်လည် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က မန္တလေးလေဆိပ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ထောင်ဒဏ် ၁ နှစ်အပြင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပ‌ဒေ ပုဒ်မ ၅၂(က) အတွက် ထောဒဏ် ၃ နှစ် စတဲ့ ပုဒ်မ ၃ ခုနှင့် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က ချမှတ်ခံထားခဲ့ရသည်။


ထို့အပြင် စစ်ကောင်စီမှ ကချင်နှစ်ခြင်းအသင်းချုပ် (KBC) အောက်ရှိ ကချင်နှစ်ခြင်းအသင်းတော်မှ အသင်တော်ခေါင်းဆောင်များ လူငယ်ခေါင်းဆောင်များကိုလည်း လိုက်လံဖမ်းဆီးနေသည် ဟု သိရှိရသည်။ မည်သည့် အကြောင်းကြောင့် ဖမ်းဆီးမှုပြုလုပ်နေကြောင်းကို သေချာသိရှိရခြင်းမရှိသေးပေ။


Comments


Pajau Media

Thanks for subscribing!

bottom of page