top of page

သြဂုတ်လ ၁၅ရက်နေ့အတွင်း စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ(၉)ဦးသေဆုံးပြီး, (၄၅)ဦး ဒဏ်ရာရ

  • Writer: Pajau Media
    Pajau Media
  • Aug 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ ဩဂုတ်၊ ၂၀၂၅။



ဩဂုတ်၁ရက်နေ့မှ ၁၅ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း အရပ်သား (၄၅)ဦးမှာ လက်နက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ (၉)ဦးမှာ လက်နက်ထိခိုက် သေဆုံးခဲ့ကြကြောင်း KHRW-Kachin Human Rights Watch အစီရင်ခံစာမှ သိရသည်။


လက်နက်ပစ်ခတ်မှုများမှာ စစ်ကောင်စီက ပြည်သူများနေထိုင်သည့် နေအိမ်များနှင့် အများသွားလမ်းများကို လက်နက်ကြီးများ, ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုသေဆုံးသူများထဲတွင် ကလေးငယ်များနှင့် ကျောင်းသူများလည်း ပါဝငကြောင်း သိရသည်။


KHRWက ပစ်မှတ်ထား၍ အရေးယူဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများမှ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဦးဆောင်သူများနှင့် စစ်အာဏာသိမ်းကို ပံ့ပိုးကူညီပေးနေသည့် အဖွဲ့အစည်းများကို အရေးယူမှုများ ဆက်လက် ပြုလုပ်ပေးးရန် တောင်းဆိုထားသည်။


ထို့အပြင် လူမှုအထောက်အပံ့ ပံ့ပိုးမှုတိုးမြင့်ခြင်း၊ ထိခိုက်ဒဏ်ရာရသူများ၊ ကလေးများ၊ အမျိုးသမီးများနှင့် စစ်ရှောင်ပြည်သူများအတွက် ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာများနှင့် အခြေခံလိုအပ်ချက်များကို ပံ့ပိုးမှုများ တိုးမြင့်ပေးရန် လိုအပ်ကြောင်း ထပ်မံတောင်းဆိုထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page