top of page

သေနတ်သံတစ်လကျော်တိတ်နေခဲ့တဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ဇွန်လ ၂၄ ရက်နေမှစပြီး KIA နှင့် စစ်ကောင်စီကြားနှစ်ဖက်တိုက်ပွဲ တစ်ဖန်ပြန်လည်ပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Jul 25, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၅၊ ၇၊ ၂၀၂၄




နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ခြင်းမရှိခဲ့သည်မှာ တစ်လကျော်ရှိနေခဲ့သည့် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ဇွန်လ ၂၄ ရက်နေမှစပြီး ကချင်လွတ်လပ်ရေးတပ် KIAနှင့် စစ်ကောင်စီကြားတိုက်ပွဲ ပြန်လည်ပြင်းထန်လျက် ရှိနေပါသည်။


မိုးမောက်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ တပ်စခန်းများကို မတ်လမှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ အရှိန်မြှင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ခမရ(၄၃၇) တပ်ရင်းတစ်ခုသာကျန်တော့သည်။ အဆိုပါတပ်ရင်းကိုလည်း KIAမှ အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ရာ ယခု ဇူလိုင် ၂၄ရက်တွင် ထပ်မံထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။


ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ တပ်စခန်းများကို KIAမှ မတ်လမှစ၍ အရှိန်မြှင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ခမရ(၄၃၇)တပ်ရင်း တစ်ခုသာကျန်ရှိနေသေးသောကြောင့် ယနေ့ဇူလိုင်၂၅ရက်နံနက်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေလျက်ရှိနေပါသည်။


တစ်လကျော်အကြာတိုက်ပွဲမရှိဘဲ တစ်ဖန်ပြန်လည်ဖြစ်ပွားသည့်တိုက်ပွဲသည် ဗန်းမော်မြို့အပါအဝင် မိုးမောက်၊ မံစီ တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန််းများကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန် အတွက် တိုက်ပွဲဖော်ဆောင်လိုက်ခြင်းဖြစ်သည်ဟု KIAနှင့်နီးစပ်သည့် လွယ်ဂျယ်ဒေသခံတစ်ချို့မှ သုံးသပ်ပြောဆိုနေကြပါသည်။


မိုးမောက်တိုက်ပွဲတွင် KIA၊ KPDFတပ်များအပြင် အာရက္ခတပ်တော်(AA)တပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေသည်ဟု ဒေသခံသတင်းရင်းမြစ်မှ သိရှိရပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page