top of page

သျှမ်းနီရိုးရာစာ‌‌ပေနှင့် ယဉ်‌‌ကျေးမှုနှင့် ကချင်ရိုးရာစာ‌ပေနှင့်ယဉ်‌ကျေးမှု အဖွဲ့တို့မှ ပူးတွဲပြီး သဘောထားထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Apr 7, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



သျှမ်းနီတရားစီရင်‌ရေးအဖွဲ့၏ ဧပြီလ၅ရက်နေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်စာနှင့်ပတ်သတ်ပြီး ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့/ သျှမ်းနီရိုးရာစာ‌ပေနှင့် ယဥ်‌ကျေးမှုအသင်းအဖွဲ့တို့မှ အစည်းအဝေးထိုင်ကာ ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ယမန်နေ့ ဧပြီလ ၆ရက်နေ့ နေ့လည်တွင် ထုတ်ပြန်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။


သျှမ်းနီဒေသ တရားစီရင်ရေးအဖွဲ့ဖက်မှ စွပ်စွဲပြီးထုတ်ပြန်ထားသည့် ဦးဆိုင်းအောင်၊ ဦးနော်ဂျာ၊ ဦးနော်တောင်၊ ဦးဇော်မိုင်တို့သည် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်၌ ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေကြသော သူများဖြစ်ပြီး သျှမ်းနီဒေသ တရားစီရင်ရေးအဖွဲ့မှ အထူးသတိပေး ထုတ်ပြန်ထားသည့် စာနှင့်ပတ်သတ်၍ (လုံးဝ) သက်ဆိုင်မှုမရှိကြောင်း ပူးတွဲ သဘောထားထုတ်ပြန်လိုက်သည်ဟု ကချင်ရိုးရာစာပေနှင့် အသင်းအဖွဲ့နှင့် သျှမ်းနီရိုးရာစာပေနှင့် အသင်းအဖွဲ့တို့မှ ယမန်နေ့က ပူးတွဲထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။


မိုးညှင်းမြို့မှ အသက်၆၀အရွယ် သျှမ်းနီအမျိုးသားတစ်ဦးက‌ သျှမ်းနီတရားစီရင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို ယခုလို ပြောသည်။


"မိုးညှင်းမြို့က နိုင်ငံရေးမကောင်းတာတောင် တော်တော်အေးချမ်းတဲ့မြို့လို့ပြောလို့ရတယ် ။မိုးညှင်းမှာ နေကြတဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေဟာ အချင်းချင်းသင့်မြတ်ကြတယ်။ ဒါကြောင့်မို့ အချင်းချင်း ပဋိပက္ခတွေဖြစ်အောင် တမင်ဖန်တီးနေတာလို့ထင်တယ်။"


သျှမ်းနီနှင့် ကချင်လူမျိုးများအကြား သွေးကွဲမှုဖြစ်စေရန် လုပ်ဆောင်ချက်မှာ ယခင်ကတည်းက ရှိခဲ့ပြီး ယခုလို စာထုတ်ပြန်သည့် လုပ်ဆောင်ချက်များလည်း ရှိခဲ့ဖူးကြောင်း မိုးညှင်းမြို့ခံ ရပ်မိရပ်ဖများက ပြောသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page