top of page

သိမ်းယူထားသည့် ဆင်ဘိုမြို့ ခ.လ.ရ (၁၄၁)ကို KIA မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 30, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၀ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ခ.လ.ရ (၁၄၁)တပ်ရင်းကို KIA/KPDF ပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့ ဧပြီလ ၂၉ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ရှေ့တန်းသတင်း ရင်းမြစ်ထံမှ သိရသည်။


ဆင်ဘို ခ.လ.ရ (၁၄၁)တပ်ရင်းကို ဧပြီလ ၂၉ရက်နေ့ နံနက်ပိုင်း ၁၁နာရီအချိန်ခန့်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားနေချိန်တွင်လည်း စစ်ကောင်စီတပ်မှ စစ်လေယာဉ်၃စီးနှင့် ရဟတ်ယာဉ် ၂စီးဖြင့် ပြင်းပြင်းထန်ထန် ပစ်ကူခဲ့သည့်အပြင် ဟိုပင်ဘက်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သောကြောင့် နှစ်ဖက်တပ်ဖွဲ့မှ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ အများအပြား ရှိခဲ့ကြောင်း သိရသည်။



လက်ရှိ ဆင်ဘိုဒေသ အနီးဝန်းကျင်အတွင်း KIAပူးပေါင်းတပ်ဖွဲ့မှ နေရာယူကာ နယ်မြေရှင်လင်းရေး လုပ်ဆောင်နေပြီး၊ စခန်းသိမ်းတိုက်ပွဲမှာ တစ်လကျော်ကြာမြင့်ချိန်တွင် အပြီးသတ် တိုက် ခိုက်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ခ.လ.ရ (၁၄၁)တပ်ရင်းသည် ဆင်ဘိုမြို့မှ ၃မိုင်အကွာတွင် တည်ရှိကြောင်းလည်း သိရသည်။


တိုက်ပွဲအတွင်း စစ်လေယာဉ်များနှင့် ပြင်းထန်စွာ တိုက်ခိုက်သောကြောင့် အရပ်သား ပြည်သူများ၏ နေအိမ်အပျက်အစီးနှင့် အရပ်သား ဒေသခံများ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း ဆိုသည်။

သိမ်းယူနိုင်ခဲ့ပြီဖြစ်သည့် ခ.လ.ရ (၁၄၁)တပ်ရင်းသည် နှစ်ပေါင်း ၂၀နီးပါး စစ်ကောင်စီမှ နေရာယူထားသည့် တပ်စခန်းကြီး တစ်ခုဖြစ်ကာ၊ နယ်မြေအကျယ်အဝန်းမှာ ဧက (၅၀၀)နီးပါးအထိ ရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ် ပြောပြချက်အရ သိရသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page