သုံးလအတွင်း နိုင်ငံတဝန်း အမျိုးသား ၁၀၀ ကျော် သေဆုံး
- Pajau Media

- Apr 10
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ ဧပြီလ၊ ၂၀၂၆။

၂၀၂၆၊ ဇန္နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ ၃ လတာ ကာလအတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား အမျိုးသား (၁၅၆) ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ယမန်နေ့ ဧပြီ ၉ ရက် ထုတ်ပြန်ချက်မှ သိရသည်။
အဆိုပါသေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် ၁၈ နှစ်အောက် ကလေးငယ် (၃၄) ဦးပါဝင်ပြီး သေဆုံးသူအားလုံးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း ဆိုသည်။
စစ်ကိုင်းတိုင်းတွင် (၄၀)ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး ပဲခူးတိုင်းတွင် (၃၁) ဦးဖြင့် ဒုတိယ သေဆုံးမှုအများဆုံးဒေသဖြစ်သည်။
ထို (၁၅၆) ဦး အနက် (၁၁၁) ဦးသည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး အဆိုပါ ကာလအတွင်း အတည်ပြုနိုင်ရန် လိုအပ်နေဆဲ သေဆုံးသူ (၁၂၃) ဦး စာရင်းကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မတ်လ ၂၆ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲဝန်းကျင်တွင် မန္တလေးတိုင်း၊ မလိုင်မြို့နယ်၊ ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စက်တပ်လေထီး(Paramotor)ဖြင့် ဗုံးကျဲချခဲ့သောကြောင့် ဦးကြည်မောင်နှင့် အမည်စုံစမ်းဆဲ ပြည်သူသုံးဦးအပါအဝင် စုစုပေါင်း ပြည်သူလေးဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့သည်။
သတင်း - ဇော်




Comments