top of page

သင်္ကြန်ကာလ ဥပုသ်သည်များရှိနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာပြင်းထန်

  • Writer: Pajau Media
    Pajau Media
  • Apr 17, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ဧပြီလ၊၂၀၂၅။



စစ်ကိုင်း-အင်းတော်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် သင်္ကြန်ကာလ ဥပုသ်သည်များရှိနေတဲ့ ဘုန်းကြီး ကျောင်းကို စစ်ကောင်စီက လေယာဉ်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာပြင်းထန် ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးမှ သိရသည်။


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီ၁၄ရက်နေ့တွင် သင်္ကြန်ကာလ ဥပုသ်သည်များရှိနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


ပြီးခဲ့သည့် ဧပြီလ၇ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်သည့် အင်းတော်မြို့ကို တံတားဦးမှ ပျံတက်လာသည့် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ဘုန်းကြီး‌‌ေကျာင်းဆောင်များ ထိခိုက်ပျက်စီးခဲ့သည့်အပြင် အရပ်သားသုံးဦးပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။






အင်းတော်မြို့တွင် နောက်ဆုံးကျန်ရှိနေသည့် ဂျပန်လှိုင်ဂူအား တော်လှန်ရေးတပ်ဖွဲ့များ အပြီးသတ်သိမ်းယူထားပြီးနောက် ဧပြီလ၉ရက်နေ့မှစပြီး စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်ဟု ဆိုသည်။


ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မှလည်း ထီးချိုင့်၊အင်းတော်၊ ဝန်းသို၊ကောလင်း မြို့နယ်ရှိ ဒေသခံပြည်သူများကို ဗုံးခိုကျင်းများ ကြိုတင်ပြင်ဆင်တူးထားရန်နှင့် လေယာဉ်လာပါက ဗုံးခိုကျင်းထဲ ဝင်ပုန်းခိုလှုံကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page