top of page

ဟိုပင်ဒေသ မူးယစ်သုံးစွဲ ရောင်းဝယ်သူ ၂၀ ကျော်ကို မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဖမ်းဆီးအရေးယူ

Writer: Pajau Media
Pajau Media
Sep 5, 2025
1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



ဟိုပင်ဒေသတွင် ဒေသအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့(Pat Jasan)မှ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူ စုစုပေါင်း (၂၀)ကျေော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။


စက်တင်ဘာ ၄ရက်နေ့တွင် ဒေသအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် KIOမှ မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းကာ ဟိုပင်ဒေသ လုပ်ဆောင်ခဲ့ရာ သုံးစွဲသူ(၂၀)ဦးနှင့် ရောင်းဝယ်သူ(၄)ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။


မူးယစ်ဆေးဝါး ရောင်းဝယ်သူများ ဦးလက်ရာ၊ ကျော်မြိုင်၊ ကိုစီနှင့် ဦးစိုးမိုးချစ်များကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ သုံးစွဲသူ(၂၀)ဦးမှာ တာဝန်ရှိသည့် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ကော်မတီမှ သက်ဆိုင်သည့် တရားရုံးသို့ လွှဲအပ်ခဲ့ပြီး၊ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


ဟိုပင်ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ယခုကဲ့သို့ တာဝန်ယူရှင်းလင်း ဆောင်ရွက်နေသည့်အပြင် ဆက်လက်ပြီးလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page