top of page

ဟိုပင်မြို့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ၂ဦး အသက်သေဆုံးခဲ့ရ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊မေလ၊၂၀၂၅။



ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် စစ်ကောင်စီတပ် ခမရ(၃၈၉)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ၂ဦး အသက်သေဆုံးခဲ့ရပြီး၊ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Kachin Human Rights Watch-KHRWမှ သိရသည်။


စစ်တပ်မှ ပစ်ခတ်လိုက်လိုက်သည့် လက်နက်ကြီးမှာ ဦးချမ်မောင်တို့နေအိမ်တွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် (အသက်၆၂နှစ်အရွယ်) ဦးချမ်းမောင်နှင့် ဇနီးဖြစ်သူ (အသက်၅၈နှစ်အရွယ်) ဒေါ်ခင်ပြုံးတို့ နှစ်ဦးစလုံးတို့ သေဆုံးခဲ့ရပြီး၊ (အသက်၅၀နှစ်အရွယ်) ဒေါ်တင်နုမှာ ခြေနှစ်ဖက်စလုံး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ လက်ရှိနီးစပ်သည့် ဆေးရုံသို့ ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။


အဆိုပါပစ်ခတ်မှုမှာ ပြီးခဲ့သည့် မေလ၂၄ရက် ညနေ၅နာရီအချိန်ခန့်က နန့်မွန်းတွင် အခြေစိုက်ထားသည့် ခမရ(၃၈၉)မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လိုက်ခြင်း ဖြစ်သည်။


မေလ၂၄ရက်နေ့ တစ်နေ့ထဲတွင် KIAအမှတ်(၂၆)တပ်ရင်းဒေသဖြစ်သည့် ဆနွန်းကုန်းဘက်တွင် KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ/ ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page