top of page

အောင်မြေ(၁)၊ (၂)ကျေးရွာနှင့် ရွှေညောင်ပင် ကျေးးရွာမှ ကျန်ရှိသူ ပိတ်မိပြည်သူများအားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီ

  • Writer: Pajau Media
    Pajau Media
  • Mar 13, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊မတ်လ၊၂၀၂၄ ခုနှစ်။



တိုက်ပွဲအတွင်း တစ်ပတ်ခန့်ကြာ ပိတ်မိနေသူ ဝိုင်းမော်မြို့နယ်ရှိ အောင်မြေ (၁)၊ အောင်မြေ(၂) နှင့် ရွှေညောင်ပင် ကျေးရွာမှ ဒေသခံများ အားလုံးကို ယနေ့ မတ်လ ၁၃ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။


လွန်ခဲ့သည့် မတ်လ ၇ရက်နေ့မှစတင်ပြီး မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက် ပိတ်မိပြည်သူများကို ဘာသာရေး အသင်းတော်မှ တာဝန်ရှိသူများနှင့် PCG မှ တာဝန်ရှိသူများ ပူးပေါင်းကာ ဝိုင်းဝန်းကယ်ထုတ်နိုင်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့် မတ်လ ၉ရက်နေ့မှာလည်း တစ်ကြိမ် အောင်မြေ (၁) ကျေးရွာမှ ပိတ်မိပြည်သူ အများစုကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။


ယနေ့ မတ်လ၁၃ရက်နေ့ တစ်ပတ်နီးပါး ကြာမြင့်ချိန်တွင်လည်း နောက်တစ်ကြိမ်အဖြစ် ကျန်ရှိသူ အောင်မြေ(၂)ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာမှ ပိတ်မိပြည်သူများကို ထပ်မံ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။


လက်ရှိ ပြန်လည် ကယ်ထုတ်နိုင်သည့် စစ်ရှောင်ပြည်သူများ၏ အသေးစိတ် အချက်အလက်များကို ပါဂျောင်မီဒီယာမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။


ထို့ကြောင့် သတင်းအချက်အလက် အသေးစိတ်များကို ဆက်လက်ဖော်ပြပါမည်။

Comments


Pajau Media

Thanks for subscribing!

bottom of page