top of page

အာဏာရစစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ရမ်းသန်းပစ်ခတ်ခြင်းကို ညီနောင်သုံးဖွဲ့မှ ရှုတ်ချ

  • Writer: Pajau Media
    Pajau Media
  • Aug 8, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၈၊ ၈၊၂၀၂၄။



အာဏာရစစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်သည့် မြို့တွင်းနေရာများတွင် လက်နက်ကြီးများ၊ လေကြောင်းလိုင်းများဖြင့် ရမ်းသမ်းပစ်ခတ် လုပ်ဆောင်မှုများကို ကန့်ကွက်သည့်အကြောင်း မြောက်ပိုင်းညီနှောင်မဟာမိတ်(၃)ဖွဲ့မှ ဩဂုတ်လ၆ရက်နေ့တွင် ထုတ်ပြန်ထားသည်။


ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့များက တိုက်ပွဲအတွင်း အကျအရှုံးများလာသဖြင့် ပြည်သူများရှိသည့် မြို့နေရာများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် တံတားအဆောက်အအုံများ စသည့်နေရာများတွင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး နေ့စဉ်နေ့တိုင်း လေကြောင်းလိုင်းဖြင့် ပစ်ခတ်နေကြကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြချက်အရ သိရသည်။


ယခုကဲ့သို့ စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့်လည်း ညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားပြီးဖြစ်သည့် လောက်ကိုင်၊ ဆင်လီ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မြောက်ဦး စသည့်နေရာများမှ ပြည်သူများ၏ နေအိမ်နှင့် စာသင်ကျောင်းများအားလုံး ပျက်စီးခဲ့ရသည့်အပြင် လက်နက်ထိခိုက်ကာ အသက်သေဆုံးခဲ့ရသည့် ပြည်သူ အများအပြား ရှိခဲ့သည်ဟု ဆိုသည်။


ထို့ကြောင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့ပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့မှ အာဏာရစစ်ကောင်စီ၏ ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ် လုပ်ဆောင်နေခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page