top of page

အာဏာသိမ်းမင်းအောင်လှိုင် အဆိုပြုထားသည့် ဝန်ကြီး ၃၀ ဦးအား ယနေ့အတည်ပြုခန့်အပ်

  • Writer: Pajau Media
    Pajau Media
  • Apr 9
  • 1 min read

ပါဂျောင်မီဒီယာ

၉ရက်၊ဧပြီ၊၂၀၂၆


အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အမည်ခံအစိုးရသစ်အတွက် အဆိုပြု ရွေးချယ်ခဲ့သော ဝန်ကြီး ၃၀ ဦးအား ကန့်ကွက်သူမရှိသောကြောင့် ယနေ့ ဧပြီ ၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။


တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ ဧပြီ ၉ ရက်နေ့တွင် ကျင်းပရာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အဆိုပြုထားသည့် ဝန်ကြီး ၃၀ ဦးကို ခန့်အပ်ရန် ကန့်ကွက်သူမရှိသောကြောင့် လွှတ်တော်က သဘောတူခဲ့သည်ဟု ဆိုသည်။


ထို့အပြင် တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်၏ ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီးချုပ်မှ ကချင်ပြည်နယ်အစိုးရအဖွဲ့သစ်အတွက် ဝန်ကြီးဌာနနှင့် အမည်စာရင်းများကို အဆိုပြုတင်သွင်းလိုက်သည်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လွှတ်တော်က သမ္မတအဖြစ် ရွေးချယ်ပြီးနောက် အမည်ခံအစိုးရ ဖွဲ့စည်းရန်ကြိုးပမ်းနေပြီး မနက်ဖြန်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် သမ္မတနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကျမ်းကျိန်မည်ဖြစ်ကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page