top of page

အွန်လိုင်းပေါ်တွင် စစ်ကောင်စီတပ်ကို ဝေဖန်ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ ပိုမိုများပြားလာ

  • Writer: Pajau Media
    Pajau Media
  • Dec 3, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၃ရက်၊ဒီဇင်ဘာ၊၂၀၂၄။



စစ်အာဏာသိမ်းကာလအတွင်း စစ်တပ်ကို အွန်လိုင်း၊လူမှုကွန်ရက်မှ ဝေဖန်ပြောဆို ရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း နှင့် ၂၀၂၁ မှ ၂၀၂၄ ဒီဇင်ဘာလ အထိ ဖမ်းဆီး ခံရသူ အယောက် (၁၉၀၀) နီးပါးရှိကြောင်း ဒီဇင်ဘာ (၃) ရက်နေ့တွင် Data for Myanmar အဖွဲ့မှထုတ်ပြန်ကြေညာချက်အရသိရသည်။


ဖမ်းဆီးခံရသူများမှာ ဖေ့စ်ဘုတ်နှင့် အခြားအွန်လိုင်း ပလက်ဖောင်းများမှ တစ်ဆင့် စစ်တပ်ကို ဝေဖန်ပြောဆိုရေးသားခြင်းများကြောင့် ဖမ်းဆီးခံရတာဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများထဲတွင် တော်လှန်ရေးအင်အားစုတွေများနှင့် အဆက်အသွယ်ရှိပြီး ထောက်ပို့လုပ်ဆောင်ခြင်းများကြောင့် လည်း ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ လည်းဖော်ပြထားသည်။


စစ်ကောင်စီ က လူမှုကွန်ရက် မှ တစ်ဆင့် ၎င်းတို့အား တိုက်ခိုက်ဝေဖန်မှုတွေကို အမြဲတမ်း စောင့်ကြည့်နေတာဖြစ်ပြီး၊ လမ်းသွားလမ်းလာချိန်မှာ တားဆီးတာတွေ, ဖုန်းတွေကို စစ်ဆေးတာတွေကြောင့် ဖမ်းဆီးခံရမှုတွေများလာတာဖြစ်တယ်လို့လည်း Data for Myanmar က ဖော်ပြထားသည်။


၂၀၂၄ ခုနှစ် နှစ်အစမှ အောက်တိုဘာလအထိ စစ်တပ်ကိုဝေဖန်ရေးသားမှုကြောင့် ဖမ်းဆီ ခံရသူအရေအတွက် ၃၅၀ အထိ ရှိတယ်လို့ လည်းဖော်ပြထားပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းကာလမှစ၍ဖမ်းဆီးခံရမှု အများဆုံးမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဖြစ်ပြီး အရေအတွက် အားဖြင့် ၈၉၆ ဦးအထိရှိကြောင်းလည်း‌သိရသည်။


အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူများထဲတွင် ၃၆ ရာခိုင်နှုန်းမှာ အမျိူးသမီးများ ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီသည် လူမှုကွန်ရက်မှ တစ်ဆင့် ဝေဖန်ပြောဆိုခြင်းများ၊ဝါဒဖြန့်ခြင်းများပြုလုပ်လျှင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့် အရေးယူမှုခြင်းများ လုပ်ဆောင်သွားမည်ဟု ၂၀၂၂ ခုနစ်တွင်ကြေညာခဲ့သည်။ လက်ရှိအချိန်ထိစစ်ကောင်စီတပ်များက မြန်မာနိုင်ငံရှိ ၎င်းတို့အာဏာစက် သက်ရောက်သေးသော တိုင်းနှင့်ပြည်နယ်များတွင် လမ်းသွားလမ်းလာများအား စစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page