top of page

အွန်လိုင်းပေါ်မှ Starlink Wifi စက်ရောင်းချနေသူများကို လိုက်လံဖမ်းဆီးမှုများရှိနေ

  • Writer: Pajau Media
    Pajau Media
  • Dec 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၈ရက်၊ဒီဇင်ဘာ၊၂၀၂၄။




ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းများပြတ်တောက်သွားသည့်နောက်ပိုင်း မြစ်ကြီးနားမြို့ပေါ်တွင် Starlink Wifi အသုံးများလာကြပြီး အွန်လိုင်းမှတစ်ဆင့် ‌ရောင်းဝယ်မှုများကို လိုက်လံဖမ်းဆီးခြင်းများရှိလာကြောင်း ဒေသခံများထံမှသိရသည်။


အင်တာနက်ဖြတ်တောက်လိုက်သည့်နောက်ပိုင်း မြစ်ကြီးနားမြို့တွင် Wifi အင်တာနက်ဆိုင် အများအပြားဖွင့်လှစ်လာကြပြီး Starlink wifi စက်ရောင်းချမှုများကိုလည်း အွန်လိုင်းပေါ်တွင် ပေါ်ပေါ်ထင်ထင် ရောင်းဝယ်လာကြသည်။


ထိုသို့ အွန်လိုင်းပေါ်မှရောင်းချနေမှုကို လိုက်လံစုံစမ်းကာ ဖမ်းဆီးပြီး စက်သိမ်းယူခြင်းများလုပ်ဆောင်လာခြင်းဖြစ်ကြောင်း မြစ်ကြီးနားဒေသခံတစ်ဦးက...


“ ကျွန်မသူငယ်ချင်းတွေက အွန်လိုင်းကနေ ရောင်းအဝယ်လုပ်ကြတာဟုတ်တယ်၊ လိုင်းမရတဲ့နောက်ပိုင်း Starlink Wifi စက်လည်း အသုံးများလာတော့ တရုတ်ဘက်ကလာတဲ့စက်တွေ ကို အဆင့်ဆင့် စပ်ပြီးတော့ ရောင်းကြတယ်၊ဖြစ်ချင်တော့ မှာတဲ့သူကရဲဖြစ်နေတယ်၊ စက်ကို သွားပို့တော့ အဲမှာ တစ်ခါထဲ စက်ဖမ်းသွားတယ်၊ ပိုက်ဆံနဲ့ပြန်ရွေးရတာပေါ့ ပြန်ရွေးရလို့ တော်‌သေးတယ်၊ အခုတော့ စက်ဖမ်းတာတွေများလာပြီ၊ အွန်လိုင်းပေါ်တင်ရောင်းတာတွေဆို သူတို့လိုက်နေကြပြီ ” ဟုပြောသည်။


အစောပိုင်းတွင်မူ ပိုင်ရာဆိုင်ရာမရှိပဲ ဆပ်ကြေးမပေးသည့် အင်တာနက်ဆိုင်အချို့မှ စက်နှင့်လူကိုဖမ်းဆီးပြီး သိန်းဆယ်ကြီး၊ရာဂဏန်းဖြင့်ပြန်လည်ရွေးယူခဲ့ရခြင်းများလည်းရှိခဲ့သည်။ ကချင်ပြည်နယ်အတွင်းတိုက်ပွဲများပြင်းထန်လာပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ ဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်လိုက်သဖြင့် Starlink, IP star,Knet wifi စက်များကို အသုံးများလာခြင်းဖြစ်သည်။


အင်တာနက်ဆိုင်များမှာ အစောပိုင်းတွင်တစ်နာရီကို ၂၀,၀၀၀ မှ ၃၀၀၀၀ ကျပ် ပေးသုံးရသော်လည်း ယခုနောက်ပိုင်းတွင်မူ တစ်နာရီကို ၃,၀၀၀ မှ ၅၀၀၀ ကျပ်အထိလျှော့ကျလာပြီး အချို့စားသောက်ဆိုင်များတွင် Free အင်တာနက် ဝန်ဆောင်မှုများလည်းရှိနေပြီဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page