အကြမ်းဖက်စစ်အုပ်စုကြောင့် ၄လအတွင်း အသက်မပြည့်သေးသည့် ကလေးငယ် (၇၅) ဦး သေဆုံး
- Pajau Media

- May 13
- 1 min read
ပါဂျောင်မီဒီယာ
၁၃ ရက်၊ မေလ၊ ၂၀၂၆။
၂၀၂၆ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ကုန်အထိ မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် (၁၈) နှစ်အောက်ကလေးငယ် စုစုပေါင်း (၇၅) ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ယမန်နေ့ မေလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှသိရသည်။
အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်နှစ်လအရွယ် ယောက်ျားလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက် ယောက်ျားလေး (၃၉) ဦး၊ မိန်းကလေး (၃၆) ဦး စုစုပေါင်း (၇၅) သေဆုံးခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသတွင် (၂၅) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် (၁၆) ဦးဖြင့်သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။
သေဆုံးမှု အကြောင်းအရင်းများထဲတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး (၄၈) ဦး ထိသေဆုံးခဲ့ကြောင်းသိရပြီး (၁၇) ဦးမှာ စစ်အုပ်စုမှ ဖမ်းဆီးပြီးနောက် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။
(AAPP)၏ ဖော်ပြချက်အရ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရား အာဏာသိမ်းချိန်မှစပြီး မေလ ၁၂ ရက် ၂၀၂၆ ခုနှစ်ထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၈၀၃၉) ဦး ရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် မတရားအာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၉၆၆) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၂၀၄) ဦးနှင့် အတည်ပြုရန်လိုအပ်နေဆဲ (၇၈၇၄) ဦး ရှိခဲ့ကြောင်းသိရသည်။
သတင်း - ဇော်
ပုံ- AAPP








Comments