top of page

အင်းတော်ကြီးဒေသတွင် စစ်ကောင်စီတပ်မှ ဒေသခံလူငယ်များအား စုဆောင်းရေးဆွဲ၍ စစ်သင်တန်းပေးနေ

Writer: Pajau Media
Pajau Media
Jan 24, 2024
1 min read

ပါဂျောင်မီဒီယာ



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ဒေသခံလူငယ်များအား စစ်ကောင်စီမှ စစ်သားစုဆောင်းရေးဆွဲ၍ နန့်မွန်းဇာတ်ရုံတွင် စစ်သင်တန်းပေးနေကြောင်း ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာသို့ပြောသည်။


 "နန့်မွန်း ၊ဟဲပါး၊ ထောပတ်ကုန်း၊ ရွှေလက်ပံ၊ တုံပင် အဲ့ရွာက လူငယ်တွေ တော်တော်များများပါသွားကြတယ်၊ ပြီးတော့ နန့်မွန်းဇာတ်ရုံမှာ စစ်သင်တန်းပေးနေတာလို့‌ ကြားတယ်၊ ဇာတ်ရုံနားကပ်လို့တောင်မရလို့ သေချာမကြည့်ရဲဘူး၊ ကပ်ကျော်တောင်မှာ ရွှေလုပ်နေတဲ့ ဗိုလ်ကြီးတွေကိုလည်း ဖမ်းခေါ်သွားပြီး လူငယ်နဲ့ပြန်လဲခိုင်းတယ်၊ ရွာနားမှာ ရှမ်းနီတပ်နဲ့ စစ်သားတွေ ခြေရှုပ်နေလို့ နန့်မွန်းရွာသားတွေတောင် ‌ လယ်တောဖက် စစ်ရှောင်သလိုမျိုး ရှောင်‌ကုန်ကြပီ၊ ရွာထဲမှာ လူတောင်မရှိတော့ဘူး။" ဟု အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးမှ ပြောသည်။


စုဆောင်းရေးဆွဲ ခံရသောသူများသည် အသက် ၂၀ကျော်မှ ၃၀ကျော်အရွယ်များ ဖြစ်ကြောင်း ယင်းမှဆက်ပြောသည်။


"ဇန်နဝါရီ၁၇ရက်နေ့ကထဲက စစ်တပ်က စုဆောင်းရေး ဆက်တိုက်ဆွဲနေတာ လူငယ်အများကြီး ပါသွားကြတယ်၊ ဘယ်တပ်ကဆွဲမှန်းလဲ မပြောတတ်ဘူး၊ ဒီဒေသမှာက လှုပ်ရှားတပ်တွေက ဝင်လိုက်ထွက်လိုက်နဲ့ လုပ်‌နေတာဆိုတော့ တပ်ရင်းဘယ်လောက်မှန်းလဲ မသိဘူး။" ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။


စုဆောင်းရေးဆွဲထားသော ဒေသခံလူငယ်၅၀ခန့်အား စစ်သင်တန်းပေးနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း ယင်းကပြောသည်။ အင်းတော်ကြီးဒေသတွင် လက်နက်ကိုင် အဖွဲ့အစည်းများပြားပြီး ရွှေထွက်ရှိရာ ဒေသဖြစ်သောကြောင့် အဖွဲ့အစည်းများ‌ နယ်မြေလုသည့် အခြေအနေများတွင် ဒေသခံများအား စစ်တပ်မှ ရမ်းသန်းပစ်ခတ်ခြင်းများ မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page