top of page

အင်းတော်ကြီးဒေသမှ စစ်တပ်နှင့် အကျိုးတူ ပူးပေါင်း၍ စီးပွားရှာသော အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

  • Writer: Pajau Media
    Pajau Media
  • Apr 29, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။





ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့ နံနက်ပိုင်းက စစ်တပ်နှင့် အကျိုးတူ ပူးပေါင်းကာ စီးပွားရှာနေသော ဒေါ်မမကြီးဆိုသူ အမျိုးသမီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွားခြင်းခံခဲ့ရပြီး၊ ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း ဒေသခံများက ပြောသည်။


"သူက စက်သုံးဆီလဲ အရောင်းဝယ်လုပ်တယ်၊ စစ်တပ်နဲ့လဲပိုင်တယ်ဗျ၊ စက်သုံးဆီနဲ့ မှော်တွေမှာသုံးတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို စစ်တပ်နဲ့ပေါင်းပြီး ရှိရှိသမျှဂိတ်တွေမှာ အခွန်ကောက်တယ်၊ ဒေါ်မမကြီးက ဖြတ်ဆိုမှ ဆီကားတွေက ဖြတ်ရတာ၊ သူကအဲ့သလောက်ထိ စစ်တပ်ကိုပိုင်တာ၊" ဟု ဒေသခံတစ်ဦးက ပြောသည်။




ဖမ်းဆီးခံရသူ ဒေါ်မမကြီးမှာ ပြီးခဲ့သည့် ၂၃ရက်နေ့တွင် နန့်မွန်းဈေး၌ ဈေးဝယ်နေချိန် အမည်မသိလက်နက်ကိုင် လူငယ်တစ်စု၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး၊ ဖမ်းဆီးခံရပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း ဒေါ်မမကြီးနှင့် နီးစပ်သူများက ပြောသည်။


ဒေသခံများ ပြောပြချက်အရ ဒေါ်မမကြီးသည် တိုင်းပြည်အာဏာသိမ်းခံရပြီးနောက်ပိုင်း အင်းတော်ကြီးဒေသနှင့် မှော် နယ်မြေသို့ ပို့ဆောင်သည့် စက်သုံးဆီများကို ချုပ်ကိုင်ထားသူ ဖြစ်ကာ စစ်တပ်ဂိတ်နှင့် အကျိုးတူ ပူးပေါင်း၍ စီးပွားရှာနေသူ ဖြစ်ကြောင်း သိရသည်။


ဒေသခံများမှာ ဒေါ်မမကြီးအား ဖမ်းဆီးခေါ်ဆောင်သွားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှာ မည်သည့်အဖွဲ့အစည်းများမှ ဖြစ်ကြောင်း မသိရသေးကြောင်းနှင့် ယနေ့အချိန်ထိ မည်သည့်သတင်း အစအနမှ မသိရှိရသေးဘူးဟု ဆိုသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page