အင်းတော်ကြီးဒေသရှိ ကျေးရွာအချို့များတွင် စာသင်ကျောင်းများ ဖွင့်လှစ်မည်
- Pajau Media

- May 21
- 1 min read
ပါဂျောင်မီဒီယာ
၂၁ရက်၊မေလ၊၂၀၂၆။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းရှိ အင်းအရှေ့ကမ်းကျေးရွာများဖြစ်သည့် ဟဲပု၊ ဟဲပါး၊ ဆနွင်းကုန်း၊ အင်းသာကလွဲပြီး ကျန်သည့်စာသင်ကျောင်းများအားလုံး ယခင်နှစ်အတိုင်း ပုံမှန်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးအသိုင်းဝိုင်းများထံမှ သိရသည်။
အင်းတော်ကြီးဒေသတွင် အ.ထ.ကကျောင်း (၁၀) ကျောင်း၊ အ.လ.က ကျောင်း (၉) ကျောင်း၊ မူလတန်းကျောင်းနှင့် မူလတန်းကြိုကျောင်း စုစုပေါင်း (၅၉) ကျောင်းရှိသည်ဟု သိရသည်။
ထို့အပြင် အင်းတော်ဒေသ KIA ပူးပေါင်းတပ်ထိန်းချုပ်နယ်မြေများတွင်လည်း ကလေးငယ်များ၏ ပညာရေးတိုးတက်ရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်နိုင်ရန်နှင့် အနှောက်အယှက်မပြုလုပ်ရန် KIA ပူးပေါင်းတပ်များနှင့် ဒေသခံပြည်သူများ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။
အင်းအရှေ့ကမ်းကျေးရွာများဖြစ်သည့် ဟဲပု၊ ဟဲပါး၊ ဆနွင်းကုန်း၊ အင်းသာ များတွင် စစ်တပ်ပူးပေါင်းတပ်နှင့် KIA ပူးပေါင်းတပ်ကြား တိုက်ပွဲမကြာခဏဖြစ်နေပြီး နယ်မြေတည်ငြိမ်မှုကိုစိုးရိမ်ရသောကြောင့် စာသင်ကျောင်းများ ဖွင့်လှစ်ပေးခြင်းမရှိသေးခြင်းဖြစ်သည်။
သတင်း-ဖရိန်း




Comments