top of page

အင်းတော်ကြီးဒေသရှိတရားမဝင်ရွှေလုပ်ကွက်အနီးဓါတ်ပုံရိုက်သည့်မည်သူမဆို လက်နက်ကိုင် များမှ ပစ်မိန့်ပေးထား

  • Writer: Pajau Media
    Pajau Media
  • Jan 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊ဇန္နဝါရီ၊၂၀၂၄ခုနှစ်။



အင်းတော်ကြီးဒေသရှိ တရားမဝင် ရွှေတူးဖော်နေသော လုပ်ကွက်များအနီးတွင် ဓါတ်ပုံလာရိုက်သည့် မည်သူမဆို လက်နက်ကိုင်များမှ ပစ်မိန့်ပေးထားကြောင်း ရွှေကျင်းတွင် အလုပ်လုပ်နေသော ကျင်းသားများထံမှ သိရသည်။


"လောပန်းက ကျင်းခေါင်းကိုမှာထားတယ် ငါတို့တူးနေတာတွေ လိုင်းပေါ်ပျံ့သွားလို့မရဘူး၊ ကျင်းကိုဓါတ်ပုံလာရိုက်တဲ့ ဘယ်သူ့ကိုမဆို အသေသာပစ်သတ်လိုက်၊ ငါတို့ကို ရွှေလုပ်ခွင့်ပေးထားတဲ့သူတွေက ပစ်သတ်ခွင့်ပြုထားတယ်။”ဟု ကျင်းခေါင်းအား ပြောဆိုနေသည်ကို ကြားသိရသော ကျင်းသားတစ်ဦးက ပြောသည်။



ရွှေလုပ်ငန်းရှင်များသည် ကျင်းလုပ်သားများ အား လုံးကို ဖုန်းကိုင်ခွင့် တားမြစ်ထားကြောင်း ထပ်မံသိရှိရသည်။


"ရွှေတူးတာကိုကန့်ကွက်တဲ့ ဒေသခံသုံးယောက်လဲ ရှောင်တိမ်းနေရတယ်၊ ကျွန်တော်တို့က နှစ်ဖက်မက ကြောက်ရတယ်ဗျ၊ ဘာလို့လဲဆိုတော့ တရား မဝင် ရွှေတူးတာကို ခွင့်ပေးတာက လက်နက်ကိုင်တွေဘဲဟုတ်တယ်။” ဟု အသက်၆၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။


ယခုရက်ပိုင်းတွင် အင်းတော်ကြီးဒေသ၌ စစ်ရေးလှုပ်ရှားမှုများ ဖြစ်ပေါ်နေသော်လည်း ရွှေတူးဖော်မှု ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်၍ တူးဖော်နေကြကြောင်း သိရသည်။




သတင်း - ကချင်ပြည်သား



Comments


Pajau Media

Thanks for subscribing!

bottom of page