top of page

အင်းတော်ကြီးဒေသအတွင်း စစ်ကောင်စီအင်အား အလုံးအရင်း ဝင်ရောက်လာကြောင်း ဒေသခံများပြော

  • Writer: Pajau Media
    Pajau Media
  • May 28, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊မေလ၊၂၀၂၄ခုနှစ်။


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ယမန်နေ့ မေလ ၂၇ရက်နေ့ ညနေပိုင်းအချိန်လောက်မှစ၍ စစ်ကောင်စီတပ်သား ၃၀၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံများ စိုးရိမ်နေကြရသည်ဟု ဆိုသည်။


"‌မနေ့က ည၇နာရီလောက်ကထဲက ဟိုပင်ဖက်ကနေစစ်ကား ၄ စီးနဲ့ ဆင်းလာကြတာ ၊စစ်သားအယောက်၃၀၀ လောက်ရှိတယ် ၊ ခါတိုင်းစစ်ကြောင်းထိုးရင် မိုင်းနောင်ဖက်ကိုထိုးတာ၊ ဒီတခါ အင်းအရှေ့ဖက်ကမ်းကို ထိုးသွားကြတယ်၊ ရွာထဲလဲ ဒီမနက်အစောကြီးကထဲက တိုက်ပွဲဖြစ်မှာစိုးလို့ လူတွေရုတ်ရုတ် ရုတ်ရုတ်နဲ့ ဖြစ်နေတယ်"


စစ်အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ညနေပိုင်းတွင် အင်းတော်ကြီးအရှေ့ဖက်ကမ်းရှိ ဆနွင်းကုန်း အင်းသာရွာမှ ချောင်းဝဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးမှ ပြောသည်။


ဒေသခံများမှာ အင်းတော်ကြီးဒေသအတွင်း စစ်ကြောင်းအင်အား အလုံးအရင်းဖြင့် ရောက်ရှိလာသောကြောင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည့်အပြင် KIA ဘက်မှလည်း ဧပြီလကုန်ပိုင်းကတည်းက စားနပ်ရိက္ခာများ စုဆောင်းထားရန် သတင်းထုတ်ပြန်ထားဖူးကြောင်း ပြောသည်။


ကချင်လွတ်လပ်ရေးတပ် (KIA/KPDF) ပူးပေါင်းတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် မတ်လ ၇ရက်နေ့မှစ၍ ကချင်ပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ စတင်လာခဲ့ရာ နှစ်လကျော်ကြာမြင့်ချိန်တွင် စစ်ကောင်စီစခန်းကြီးငယ်ပေါင်း ၁၀၀ ထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့၈မြို့ကို ထိန်းချုပ်အောင်နိုင်ခဲ့ပြီး ဖြစ်သည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page