top of page

အင်းတော်ဒေသ စတားလင့်ဝိုင်ဖိုင် အသုံးပြုခွင့်မပြု

  • Writer: Pajau Media
    Pajau Media
  • May 5
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊မေလ၊၂၀၂၆။


စစ်ကိုင်း-ကချင်အစပ် အင်းတော်မြို့နယ်အတွင်းရှိ စတားလင့်ဝိုင်ဖိုင် စက်များအားလုံး အသုံးပြုခွင့်မပေးဘဲ ယာယီပိတ်သိမ်းလိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။


အဆိုပါ ထုတ်ပြန်ချက်အား မေလ ၃ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ပြန်လည်အသုံးပြုရန် ခွင့်ပြုချက်ထုတ်ပြန်ချင်းမရှိသေးချိန်အထိ စတားလင့်ဝိုင်ဖိုင် အသုံးပြုမှုများ မလုပ်ကြရန် ဖော်ပြထားသည်။


ထို့အပြင် ပိတ်သိမ်းချိန်ကာလအတွင်း ဖွင့်လှစ်မှုများ တွေ့ရှိပါက သတိပေးခြင်း၊ သိမ်းဆည်းခြင်းများ ပြုလုပ်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ ရုံးလုပ်ငန်းများ လည်ပတ်အသုံးပြုနေသည့် နေရာများမှအပ စတားလင့်ဝန်ဆောင်မှုအဖြစ် ဖွင့်လှစ်ခြင်း၊ အိမ်တွင်ဖွင့်လှစ်အသုံးပြုခြင်းများ မပြုလုပ်ကြရန် ဖော်ပြထားသည်။


အင်းတော်မြို့ကို ဧပြီ ၃၀ရက်နေ့ကတည်းက စစ်ကော်မရှင်စစ်ကြောင်းမှ ထိန်းချုပ်ထားပြီး၊ မေလဆန်းရက်နေ့မှစ၍ မော်လူးမြို့ဘက်ကို ဆက်လက်ဦးတည်ကာ စစ်ကြောင်းထိုးလာနေကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page