အင်းတော်နှင့် မော်လူးမြို့တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေ
- Pajau Media

- May 22
- 1 min read
ပါဂျောင်မီဒီယာ
၂၂ရက်၊မေလ၊၂၀၂၆။

ကချင်နှင့် စစ်ကိုင်းတိုင်းအစပ်က အင်းတော်မြို့နယ်နှင့် မော်လူးမြို့တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၀ရက်နေ့မှစပြီး ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ အင်းတော်မြို့နှင့် မော်လူးမြို့တို့တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိချိန်ထိ စစ်ရေးလည်းတင်းမာနေကြောင်း သိရသည်။
ထိုသို့နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေချိန် စစ်ကော်မရှင်တပ်က ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းနှင့် မော်လူးမြို့ အနီးရှိ ကျေးရွာများကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် ယမန်နေ့ မေလ ၂၁ရက်နေ့တွင် ပြည်သူ ၂ဦး ထိခိုက်သေဆုံးခဲ့သည်။
ထို့ပြင် စစ်ကော်မရှင်က ယနေ့ မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်မှ စတင်၍ အင်းတော်မြို့နယ်အတွင်းရှိ ကန်ပက်လက်မြို့ဘက်နေရာများတွင် Y-12 လေယာဉ်၊ ဂျက်ဖိုက်တာများဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်နေကြောင်း သိရှိရသည်။
စစ်ကောင်စီသည် ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် စစ်ရေးဆက်တိုက်ဖော်ဆောင်နေပြီး ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းကိုလည်း အသုံးပြု သွားလာခြင်းမပြုကြရန် ကားဂိတ်များထံ ညွှန်ကြားထားသည်။
သတင်း-ဖရိန်း




Comments