အင်းတော်မြို့ထဲ စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများ ကြိုတင်တိမ်းရှောင်နေ
- Pajau Media

- Apr 29
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊ဧပြီ၊၂၀၂၆။

ကချင်နှင့် စစ်ကိုင်းအစပ်ရှိ အင်းတော်မြို့နယ်ကို စစ်ကောင်စီက စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေသောကြောင့် အင်းတော်ဒေသခံပြည်သူများ ကြိုတင် တိမ်းရှောင် နေကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်များသည် ထီးချိုင့်-ကသာလမ်းအတိုင်း စစ်ယာဉ်တန်းအလုံးအရင်းဖြင့် ကသာမြို့ ခမရ ၃၀၉ တပ်နှင် အင်းတော်ဘက်ကို ဝင်ရောက်လာကြောင်း သိရသည်။
ထို့သို့ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံပြည်သူများသည် အရေးကြီး ပစ္စည်းများနှင့်အတူ လုံခြုံသောနေရာများတွင် ကြိုတင်တိမ်းရှောင်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ တတိယအပတ်ကတည်းက ဖြစ်ပွားခဲ့သော ကသာမြို့သိမ်းတိုက်ပွဲကြောင့် ကသာဒေသခံအများအပြား အင်းတော်မြို့နယ်ထဲ စစ်ဘေးရှောင်နေထိုင်နေကြပြီး၊ လက်ရှိတွင် ထိုစစ်ဘေးရှောင် ပြည်သူများမှာ ထပ်ဆင့်ပြောင်းရွှေ့နေကြခြင်း ဖြစ်သည်။
အင်းတော်မြို့နယ်ကို စစ်ကောင်စီ စစ်ကြောင်းထိုး တိုက်ခိုက်လာနိုင်သည့် သတင်းများကြောင့် ပြည်သူများ အရေးကြီးပစ္စည်းများနှင့် ဆေးဝါး၊ရိက္ခာများ ပြင်ဆင်ထားကြရန် Indaw Revolution (IR) အဖွဲ့ကလည်း အသိပေး ထုတ်ပြန်လိုက်သည်။
သတင်း-ဖရိန်း




Comments