top of page

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းသည်ဟုအမည်ခံကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

  • Writer: Pajau Media
    Pajau Media
  • Sep 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁၊ ၉၊ ၂၀၂၄။



စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အစပ်ရှိ အင်းတော်မြို့တွင် စစ်တပ်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု စစ်ရေးသတင်းအရင်းများမှ သိရှိရပါသည်။


လက်ရှိအချိန်တွင် မြို့သိမ်းတိုက်ပွဲမှာလည်း ပြင်းထန်နေပြီး စက်တင်ဘာလ ၉ရက်နေ့မှစတင်ကာ စစ်တပ်က ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း သိရပါသည်။


စစ်ကောင်စီတပ်က နယ်မြေရှင်းသည်ဟု အမည်ခံကာ မီးရှို့ဖျက်ဆီးနေပြီး ကာကွယ်ရေးတပ်များ အကာအကွယ်ယူမည့် လမ်းကြောင်းများကို ရှင်းလင်းသည့်သဘော သက်ရောက်ပါသည်။


လွန်ခဲ့သော ဩဂုတ်လ ၁၆ရက်နေ့တွင် မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီး စစ်ကောင်စီတပ်များက မြို့တွင်းနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်ခဲ့ပါသည်။ သို့သော်လည်း အင်းတော်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်များက ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အတွက် ဖျက်ဆီးခံရသည့် စာရင်းအတိအကျကိုတော့ မသိနိုင်သေးပေ။




လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ဂျပန်လှိုဏ်ဂူ (ဒေသအခေါ်အဝေါ်) မှာ တပ်စွဲထားပြီး ထိုနေရာမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ပါသည်။


အင်းတော်မြို့ပေါ် ရပ်ကွက်ရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များသည် ဂျပန်လှိုဏ်ဂူနှင့် နီးကပ်လျက်ရှိသော ရပ်ကွက်ဖြစ်ပြီး စစ်ကောင်စီ၏ တပ်မ ၇၇လက်အောက်ခံတပ်များ အထိုင်ချနေသောနေရာဖြစ်သည်။

တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်နှင့်အမျှ တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်ကလဲ စစ်ရေးအရ အရေးပါသော အင်းတော်မြို့ကို လက်မလွှတ်ရရေးအတွက် အပြင်းအထန်ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။


အင်းတော်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အစပ်၊ မြစ်ကြီးနား-ရွှေဘိုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကချင်ပြည်နယ်အတွက် အဓိကအားဖြင့် အဝင်အထွက်မြို့ဖြစ်သကဲ့သို့ နှစ်ဖက်လုံးအတွက် စစ်ရေးအရ အရေးပါသော မြို့တစ်မြို့ဖြစ်ပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page