အင်းတော်မြို့နယ်၊နဘားကျေးရွာအတွင်းလျှပ်စစ်မီး မရသည်မှာတစ်နှစ်နီးပါးခန့်ရှိလာ
- Pajau Media

- Jul 6, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၆ရက်၊ဇူလိုင်၊၂၀၂၅။

စစ်ကိုင်းတိုင်းဒေသကြီး- အင်းတော်မြို့နယ်- နဘားစံပြကျေးရွာတွင် လျှပ်စစ်မီးမရသည်မှာ သြဂုတ် 25-2024 ခုနှစ် KIA/ PDF ပူးပေါင်းတပ်ဖွဲ့များက နဘားကို ဝင်ရောက်တိုက်ခိုက်ပြီး အပြီးသိမ်းပိုက်လိုက်ကတည်းက ဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။
ယမန်နေ့က မီးပြန်လည်ရရှိရေးအတွက် ကျေးရွာ မီးကော်မတီများ နှင့်ရွာသူရွာသားများက မီးတိုင်များကြား ချုံများခုတ်ထွင်ရှင်းလင်းခြင်း..ပျက်ကျနေသောမီးကြိုးများ ပြန်လည်ပြင်ဆင်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
''အခုက တစ်အိမ် ငါးသောင်းကျပ် ကောက်နေတယ်..ထရန်စဖော်မာ ပြန်လဲရမယ်ပြောသာဘဲ..ဒီနှစ်နွေမှာ နဘားလမ်းဆုံက ဓာတ်အားခွဲရုံက ထရန်စဖော်မာ မီးလောင်သွားတယ်လို့ပြောသာဘဲ..တစ်ချို့က တစ်အိမ်ထောင် ငါးသောင်းကျပ်ကောက်သာ ထည့်ကြပါတယ်..တစ်ချို့က သိပ်မယုံကြဘူး..'ဟု ကိုသန်းဦး( အမည်လွှဲ)က ပြောပါတယ်။ နဘားနဲ့ကပ်ရက် နားရခေါင်ရွာက ရတယ်.. ကျနော်တို့ နဘားက ဘဲကျန်နေသာဟု သူကဆက်ပြောပါတယ်။
ယခုနှစ် သြဂုတ်လ 25 ရက်ရောက်လျှင် နဘားစံပြကျေးရွာတွင်လျှပ်စစ်မီးမရသည်မှာ တစ်နှစ်ပင်ပြည့်တော့မည်ဖြစ်သည်။
ရေးသူ- နိုင်နိုင်




Comments