top of page

အင်းတော်မြို့နယ်မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အသတ်ခံရ

  • Writer: Pajau Media
    Pajau Media
  • Aug 4, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ ဩဂုတ်၊ ၂၀၂၅။


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အောက်လယ်ပြင်ကျေးရွာမှ ဆိုင်ကယ်အပိုပစ္စည်းဆိုင် ဓါးမြတိုက်ခံရပြီး၊ ဆိုင်ရှင်အမျိုးသားမှာ အသတ်ခံခဲ့ရကြောင်း သိရသည်။


ပြီးခဲ့သည့် ဩဂုတ်လ၂ ရက်နေ့ ည ၁ နာရီအချိန်ခန့်တွင် ဓါးမြ ၄ ဦးမှ ဝင်ရောက်လုယက် ဓါးမြတိုက်သွားခြင်းဖြစ်ပြီး၊ ဆိုင်ရှင်အမျိုးသားမှာ ဓားဖြင့်ခုတ်သတ်ခံရသည့်အပြင် အမျိုးသမီးလဲ လည်ပင်းဓါးလှီးခံရကာ ငွေသားသိန်း(၃၀၀)နှင့် ရွှေအချို့လည်း ယူဆောင်သွားကြောင်း သိရသည်။


ဓားပြတိုက်ခံရသည့် ဆိုင်ရှင်အမျိုးသားမှာ ဓါးမြတွေကို မှတ်မိသွားတာမို့ နှုတ်ပိတ်သည့်သဘော ဓားနှင့်ခုတ်သတ်သွားခြင်းဖြစ်ပြီး ငွေသားသိန်း ၃၀၀၊ ရွှေအချို့လည်း ယူဆောင်သွားကြောင်း၊ အိမ်ရှင်အမျိုးသမီးမှာ လည်ပင်းကိုဓါးနှင့် အလှီးခံရချိန် သေချင်ဟန်ဆောင်ခဲ့သဖြင့် မသေခဲ့ဘဲ ဆေးရုံရောက်ခဲ့ကြောင်း နီးစပ်သူများက ပြောသည်။


ဓားပြတွေကိုတော့ ပကဖနှင့် ပလဖအဖွဲ့များက လိုက်လံစုံစမ်းပြီး ဖမ်းဆီးအရေးယူသွားရန် ကြိုးစားနေကြောင်းသည်ဟု ဆိုသည်။


ဒေသခံများ ပြောဆိုချက်အရ အင်းတော်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် လူသူနေထိုင်မှု လျော့နည်းသွားပြီး လူအသွားအလာ ပြတ်လတ်သွားကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page