အစိုးရအခြေခံကျောင်းများတွင် အခကြေးငွေ အခမဲ့ထောက်ပံ့သွားမည်ဟု ပညာရေးဝန်ကြီးဌာန ထုတ်ပြန်
- Pajau Media

- May 21
- 1 min read
ပါဂျောင်မီဒီယာ
၂၁ရက်၊မေလ၊၂၀၂၆။
အစိုးရ၏ အခြေခံပညာရေးကျောင်းများတွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခကြေးငွေမျှ လုံးဝမကောက်ခံဘဲ အခမဲ့ထောက်ပံ့သွားမည်ဖြစ်ကြောင်း နေပြည်တော် ပညာရေးဝန်ကြီးဌာနက ယနေ့ မေလ၂၁ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ကျောင်းလခ၊မိဘဆရာအသင်းကြေး၊အားကစားကြေး၊စာရေးကိရိယာကြေးနှင့် စာကြေးတိုက်ကြေး အပါအဝင် မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့် သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ ၊ဘောပင်များ အခမဲ့ထောက်ပံ့မည်ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
ထိုပြင် သူငယ်တန်း(KG)မှ GRADE 12 ထိ အခမဲ့ထောက်ပံ့မည့် ပစ္စည်းများကိုလည်း ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားသည်။
မိဘအုပ်ထိန်းသူပြည်သူများ အနေဖြင့် ငွေကြေးသို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ဆရာ၊ဆရာမများ ဝန်ထမ်းများကို ပေးအပ်ခြင်းမပြုရန်လည်း ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။
အလားတူ ၂၀၂၁ခုနှစ်နောက်ပိုင်း ကျောင်းပညာရေးပြတ်တောက်သွားသည့် အသက် ၁၅နှစ်အောက် ကလေးများကိုလည်း အဆင့်သတ်မှတ် စမ်းသပ်ချက် (Placement Test)ဖြေဆိုစေပြီး ကျောင်းပြန်တက်ခွင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း - ထုဆိုင်း










Comments