top of page

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့အခြေပြု ပညာရေးကျောင်းများကို ခေတ္တယာယီ ရပ်နားထားရန် NUGပညာရေးဝန်ကြီးရုံံးမှ ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • 3 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ မေလ၊ ၂၀၂၅။




စစ်ကောင်စီတပ်ဖွဲ့က တစ်နိုင်ငံလုံး အချိန်မရွေး လေယာဉ်ဗုံးများ လာရောက်ပစ်ခတ်လေ့ရှိသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့အခြေပြု ပညာရေးကျောင်းများကို ခေတ္တယာယီ ရပ်နားထားရန် NUGပညာရေးဝန်ကြီးရုံံးမှ ထုတ်ပြန်ထားသည်။


ထုတ်ပြန်စာထဲတွင် စစ်ကောင်စီတပ်ဖွဲ့များမှာ စာသင်ကျောင်းများ၊ ဆေးရုံများ၊ စသည့်လူစုလူဝေးနေရာများကို လေကြောင်းမှ နည်းလမ်းမျိုုးစုံဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းနှင့် လူသားများကို ( War Crimes Against Humanity) နေ့စဉ် ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည်။


ထို့ကြောင့် ကလေးသူငယ်များ၊ ဆရာ/မများနှင့် ပြည်သူများ အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှုဖြင့် မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသော အခြေခံပညာ ပြည်သူ့အခြေပြုပညာရေးကျောင်းများ၊ အဆင့်မြင့်ပညာရေးကျောင်းများနှင့် သက်မွေးပညာကျောင်းများအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ် ခေတ္တယာယီ ရပ်နားထားသည်ဟု ဆိုထားသည်။


အဆိုပါ ပညာရေးကျောင်းများအားလုံးကို မေလ၂၅ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပြီး၊ နောက်ထပ်ညွန်ကြားချက်များ မထုတ်ပြန်ခင်အထိ အတည်ပြု ကန့်သတ်ထားကြောင်း သိရသည်။


တစ်နိုင်ငံလုံး မတ်လ၂၈ရက်နေ့မှ မေလ၁၆ရက်နေ့အထိ စစ်ကောင်စီ၏ လေယာဉ်ဗုံး လာရောက်ပစ်ခတ်မှုပေါင်း (၄၄၅)ကြိမ်ရှိခဲ့ပြီး၊ ပြည်သူပေါင်း (၄၁၆)ဦးအထိ အသက်သေဆုံးခဲ့ကြောင်း NUGက ထုတ်ပြန်ထားသည်။


သတင်း - ပီလမ့်အူ



Comments


Pajau Media

Thanks for subscribing!

bottom of page