top of page

ဧပြီလ ၁ရက်နေ့မှ မေလ ၁၆ရက်နေ့အထိ (၁)လကျော်အတွင်း နိုင်ငံတဝန်း၌ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၂၄)ဦးသေဆုံး

  • Writer: Pajau Media
    Pajau Media
  • May 19
  • 1 min read

ပါဂျောင်မီဒီယာ။

၁၉ရက်၊မေလ၊၂၀၂၅။




ဧပြီလ ၁ရက်နေ့မှ မေလ၁၆ရက်နေ့အထိ တစ်လကျော်အတွင်း နိုင်ငံတဝန်း၌ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး (၁၀)ဦးနှင့် အမျိုးသား(၁၄)ဦး စုစုပေါင်း (၂၄)ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။


အဆိုသေဆုံးသူများထဲတွင် အသက်၁၈နှစ်အာက် ကလေးငယ် (၄)ဦး ပါဝင်ခဲ့ပြီး၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် (၆)ဦးစီဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ခဲ့သည်။


မေလ၁၄ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရေကြည်ပင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ G-12ကျောင်းသူတစ်ဦး ကျည်စထိမှန် သေဆုံးခဲ့ရသည်။


ဇန္နဝါရီလ၁ရက်နေ့မှ မေလ၉ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ကြောင့် နိုင်ငံတဝန်းရှိ အမျိုးသမီး(၂၂၂)ဦး သေဆုံးခဲ့ရသည့်အပြင် အသက်(၁၈)နှစ်အာက် ကလေးငယ် (၃၈)ဦး ပါဝင်ခဲသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page