top of page

ဧပြီလတွင်း အမျိုးသမီး ၄၄ဦး သေဆုံးခဲ့ရ

  • Writer: Pajau Media
    Pajau Media
  • May 8
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊မေလ၊၂၀၂၆။



စစ်ကော်မရှင်၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတဝှမ်း အမျိုးသမီး (၄၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ အမျိုးသမီး (၅၇)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမ္မဂအဖွဲ့က ထုတ်ပြန်ထားသည်။


သေဆုံးသူများထဲတွင် စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၃၆)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၄၅)ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ (၄)ဦး၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် သေဆုံးသူ(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၆)ဦး၊ ကျည်ထိမှန်မှုကြောင့် သေဆုံးသူ (၂)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၁)ဦး၊ မြေမြုပ်မှိုင်းကြောင့် ထိခိုက်သူ (၅)ဦး တို့ ဖြစ်ကြပြီး၊ အသက်၁၈နှစ်အောက် အမျိုးသမီး (၈)ဦးအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီး (၁)ဦး တို့လည်း ပါဝင်နေကြောင်း သိရသည်။


သေဆုံးသူအမျိုးသမီးအရေအတွက်တွင် မန္တလေးတိုင်းက အမျိုးသမီးသေဆုံးသူ (၁၁)ဦးဖြင့် အများဆုံးပြည်နယ် ဖြစ်ခဲ့ရပြီး၊ ကချင်ပြည်နယ်မှာ သေဆုံးသူ (၃)ဦးရှိနေသည်။ ပြီးခဲ့သည့် မတ်လတွင် အမျိုးသမီး သေဆုံးသူ (၈၈)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၅၄)ဦး ရှိခဲ့သည်။


သတင်း - ထုဆိုင်း

ဓါတ်ပုံ-BWU


Comments


Pajau Media

Thanks for subscribing!

bottom of page