top of page

ဧပြီလအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေ

  • Writer: Pajau Media
    Pajau Media
  • May 14, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၄ရက်၊မေလ၊၂၀၂၄ခုနှစ်။



ပါဂျောင်မီဒီယာ၏ ၂၀၂၄ခုနှစ် ဧပြီလအတွင်း စုဆောင်းရရှိထားသည့် အချက်အလက်များအရ ကချင်ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း (၈၄)ကြိမ် ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးတွင် တိုက်ပွဲဖြစ်ပွားမှု ဒုတိယအများဆုံးပြည်နယ်အဖြစ် တွေ့ရှိရသည်။


အဆိုပါတိုက်ပွဲများကြောင့် ကချင်ပြည်နယ်မှာ ဧပြီလအတွင်း အရပ်သားပြည်သူသေဆုံးမှု (၂၂)ဦးအထိ ရှိခဲ့ပြီး၊ အရပ်သားပြည်သူ ဒဏ်ရာရရှိမှုသည် စုစုပေါင်း (၁၃)ဦးအထိရှိကာ၊ စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် မတရားဖမ်းဆီးခံရသည့် ပြည်သူများမှာ (၁၅)ဦးအထိ ရှိခဲ့ကြောင်း မှတ်တမ်းအရ သိရသည်။


ထို့အပြင် ဒေသခံပြည်သူများ၏ အိမ်ခြေ (၆၄)အိမ်မှာ တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး၊ အချို့အိမ်ခြေများမှာ မီးလောင်ပြာကျသွားခဲ့ရသည်။ စစ်ဘေးရှောင်အရေအတွက်အနေဖြင့် ဧပြီလအတွင်း (၄၈၀၀)နီးပါးခန့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။


ပါဂျောင်မီဒီယာမှ စုဆောင်းရရှိသည့် မှတ်တမ်းများအရ ဧပြီလ တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဖမ်းဆီးခံရသည့် တပ်သားများမှာ စုစုပေါင်း (၈၀)ဦးအထိ ရှိခဲ့သည့်အပြင် ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားများမှာ (၂၂)ဦးနှင့် သေဆုံးခဲ့သည့် တပ်သားများမှာ (၃၈)ဦးအထိ ရှိခဲ့ကြောင်း တွေ့ရှိရသည်။


ထို့အပြင် သေဆုံးခဲ့ရသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်သားများမှာ (၁၉)ဦးနှင့် ဒဏ်ရာရရှိသည့် ပြည်သူ့တပ်သားများမှာ (၇)ဦးထက်မနည်း ရှိခဲ့ပြီး၊ ဖမ်းဆီးခံရသော ပြည်သူ့စစ် တပ်သားများမှာလည်း (၆)ဦးထက် မနည်း ရှိခဲ့ကြောင်း တွေ့ရှိရသည်။


လက်ရှိအချိန်ထိ KIA/KPDFပူးပေါင်းတပ်ဖွဲ့မှ အောင်မြင်စွာ ထိန်းချုပ်သိမ်းပိုက်ထားသည့် မြို့ပေါင်း (၄)မြို့အထိ ရှိနေပြီး၊ ၄င်းတို့မှာ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆင်ဘိုနှင့် လွယ်ဂျယ်မြို့ တို့ဖြစ်သည်။


ပါဂျောင်မီဒီယာမှ စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များမှာ ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများ ဖော်ပြချက်များမှ ကောက်နုတ်မှတ်သားထားခြင်းဖြစ်သောကြောင့် အချို့အချက်အလက်များမှာ ယခုထက် အနည်းအများ ကွဲပြားနိုင်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page