top of page

ဧပြီလအတွင်း အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • May 11
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ မေလ၊ ၂၀၂၆။


စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


စစ်ကောင်စီက ဧပြီလတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄၅၆ ခု ကျူးလွန်ခဲ့ရာ လေကြောင်း တိုက်ခိုက်မှု ၁၇၈ ကြိမ်ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၁၃၈ ဦးသေဆုံးကာ ၂၀၃ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။


ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူနေအိမ် ၅၈၉လုံး၊ စာသင်ကျောင်း ၁၁ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၈ခု၊ ကျန်းမာရေးအဆောက်အအုံ ၇ခု ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါသည်။


ထို့သို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကို ရပ်တန့်ရန်လိုအပ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) က ဆိုထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page