top of page

ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် လူငယ်များ ပြည်သူ့စစ်မှုထမ်းရန် စာရင်းသွင်းပေးစာများ ပေးပို့ခံရ

  • Writer: Pajau Media
    Pajau Media
  • Mar 15, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ဧရာဝတီတိုင်း ပုသိမ်မြို့နှင့် စစ်ကိုင်းတိုင်း ခန္တီးမြို့တို့တွင် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အရပ်သားလူငယ်များကို စစ်မှုထမ်းရန် လျှောက်လွှာပုံစံပေးပို့ခြင်း စတင်လာသည်ဟု လျှောက်လွှာပေးပို့ခံရသည့် လူငယ်များထံမှ သိရသည်။


စစ်မှုထမ်းရန် လျှောက်လွှာပေးပို့လာခြင်းမှာ မတ်လ၁၃ရက်နေ့မှ စတင်လာခြင်း ဖြစ်၍ ဖောင်ထဲတွင် “စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းမည့်သူက ရေးသွင်းရန်ပုံစံ” ဟူ၍ ပေးပို့လာကြောင်း သိရသည်။


ထို့အပြင် ရန်ကုန်တိုင်းမှ မြို့နယ်တွေမှာလည်း မတ်လဆန်းပိုင်းမှ စတင်ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အကျုံးဝင်သည့် လူငယ်များကို ရပ်ကွက်အလိုက် လိုက်လံကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦးမှ ကချင်ပြည်နယ်အတွင်း အလားတူ ပြည်သူ့စစ်မှုထမ်းရန် လျှောက်လွှာပေးပို့ခြင်းမျိုး မကြားဖူးသေးကြောင်း ပြောသည်။


စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနစ် ဖေဖော်ဝါရီ ၁၀ရက်နေ့မှာ ပြဌာန်းလိုက်ပြီး၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ လာမည့် ဧပြီလမှစတင်ကာ လူငါးထောင်လျှင် တစ်သုတ်စီ ခေါ်သွားမည့်ကြောင်း ကြေညာထားသည်။


ယင်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရချိန်တွင် ပျက်ကွက်လျှင် ထောင်ဒဏ် ၅နှစ်အထိ ပြစ်ဒဏ်ချမှတ် ခံရနိုင်ကြောင်းလည်း ကြေညာထားသည်။


စစ်ကောင်စီတပ်သားများသည် စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ရပ်ကွက်အတွင်း လူငယ်များကို မတရားဖမ်းဆီးသည့်အပြင် ဖမ်းဆီးခံရသူများကိုလည်း ငွေကြေးဖြင့် ပြန်လည်ရွှေးခိုင်းသည့် ဖြစ်စဉ်မျိုး မကြာခဏ ပြုလုပ်ခဲ့သည်။


သတင်း -ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page