top of page

ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ

  • Writer: Pajau Media
    Pajau Media
  • Sep 19, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊စက်တင်ဘာလ၊၂၀၂၄။



၂၀၂၄ခုနှစ် ဩဂုတ်လအတွင်း ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း ၃၅ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။


တိုင်းနှင့်ပြည်နယ်အသီးသီးမှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုပေါင်းမှာ ၁၀၆ခုအထိရှိခဲ့ပြီး၊ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲများကို လေ့လာကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များအနက် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA/KIO)၊ ရက္ခိုင့်တပ်တော် (AA / ULA)နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့၏ တိုက်ပွဲဖြစ်ပွားမှုနှုန်းမှာ (၃၅)ခုစီဖြင့် အများဆုံးဖြစ်ခဲ့သည်။


အဆိုပါတိုက်ပွဲဖြစ်ပွားမှုများကြောင့် ကချင်ပြည်နယ်တွင် ဩဂုတ်လအတွင်း အရပ်သား ထိခုက်ဒဏ်ရာရရှိသူဦးရေမှာ (၄)ဦးထက်မနည်း ရှိခဲ့ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သားသေဆုံးမှုမှာ (၂၅၉)ဦး သေဆုံးခဲ့ရပြီး၊ အရပ်သားထိခိုက်ဒဏ်ရာရရှိမှုမှာ (၂၂၃)ဦးအထိ ရှိခဲ့သည်။


အလားတူ ဩဂုတ်လ ၁၄ မှ ၂၇ ရက်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် စစ်ပြေးရှောင် အရေအတွက်မှာ ကချင်ပြည်နယ်တွင် (၅၀၀)၊ စစ်ကိုင်းတိုင်းတွင် (၅၂,၂၀၀)၊ ရခိုင်ပြည်နယ်တွင်(၁၀,၀၀၀)၊ ပဲခူးတိုင်းတွင် (၅,၀၀၀)၊ တနင်္သာရီတိုင်းတွင် (၄,၄၀၀)၊ ကရင်ပြည်နယ်တွင် (၂,၀၀၀)နှင့် ရှမ်းပြည်နယ်တွင် (၅,၀၀၀) ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း BNI- Myanmar Peace Monitorမှ ဖော်ပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page